အာဖဂန်နိုင်ငံ ကဘူးလ်မြို့တွင် အမေရိကန် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦး အပါအဝင် မိသားစုဝင် ၉ ဦးသည် သေဆုံးခဲ့ရကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် ထွက်ခွာမှု၏ နောက်ထပ် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ပြည်ပနိုင်ငံများ၌ အမေရိကန် မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်မှုကြောင့် လူအမြောက်အများ...
ရီယာ့ဒ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ဆော်ဒီနိုင်ငံ စစ်တပ်၏ ပထမအသုတ် အမျိုးသမီးစစ်သည်များ ကျောင်းဆင်းပွဲအခမ်းအနားကို မကြာသေးမီက ကျင်းပပြုလုပ်ခဲ့ကြောင်း Arab News က စက်တင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်၌ တပ်စွဲခဲ့သည့် နှစ်ပေါင်း(၂၀)ကြာကာလတွင် အမေရိကန်သည် ၎င်း၏ပုံစံ စံညွှန်းများဖြင့် ဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး ရလဒ်က ဝမ်းနည်းကြေကွဲဖွယ်ရာများသာ ဖြစ်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) တာလီဘန်ခေါင်းဆောင်များသည် အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
အင်ချွန်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ၁၀၉ ဦး၏ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူ ဘီလီယံပေါင်းများစွာက COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် ကာကွယ်ဆေး လက်လှမ်းမမီဖြစ်နေချိန်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် မကြာမီသက်တမ်းကုန်ဆုံးတော့မည့်ကာကွယ်ဆေးများစွာ သိုလှောင်သိမ်းဆည်းထားကြောင်း သီရိလင်္ကာနိုင်ငံ၊ ခုခံအားဆိုင်ရာ ရောဂါပညာဌာန ပါမောက္ခ ၏ ပြောစကားကို ဒေသတွင်းမီဒီယာများက စက်တင်ဘာ ၁ ရက်တွင်ဖော်ပြခဲ့သည်။
ရာမာလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းအနေဖြင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်းမှုကိုမဆို ကြိုဆိုကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammed Ishtaye က သြဂုတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ဒါဆရီဘဂါဝန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရူနိုင်ငံးနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးတွဲဖက်စပ် ရေနံဓာတုပစ္စည်းစက်ရုံ Hengyi Industries Sdn Bhd က ဘရူနိုင်းနိုင်ငံ၏ ဓာတ်ခွဲခန်းလုပ်ငန်းများဦးစီးဌာနသို့ ဓာတ်ခွဲခန်းသုံးအထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ဩဂုတ် ၃၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒါကာ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသည် ဩဂုတ်လတွင် သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန်ထိ ရောဂါဖြစ်ပွားသူ ၁၀,၃၅၆ ဦး နှင့် သေဆုံးသူ ၄၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က ဩဂုတ်...
နယူးဒေလီ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက တာလီဘန်ထိပ်တန်းခေါင်းဆောင်နှင့် ဩဂုတ် ၃၁ ရက်က တွေ့ဆုံခဲ့ရာ တာလီဘန်နှင့် ပထမဆုံး တရားဝင်ဆက်သွယ်မှု ထူထောင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။