ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်အစိုးရအကူအညီနှင့် China State Construction Co. Ltd မှတာဝန်ယူ တည်ဆောက်သည့် ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်းကို ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian တို့...
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဒီဇင်ဘာ ၁၇ ရက် နှောင်းပိုင်းက အဝေးပြေးလမ်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ ကလေး ၈ ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါ တိမ်းမှောက်မှုတွင် ကားသုံးစီးနှင့် နောက်တွဲလော်ရီကားတစ်စီးတို့...
မနီလာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဒီဇင်ဘာ ၁၇ ရက်က ရိုင် တိုင်ဖွန်းမုန်တိုင်း ဆက်လက်တိုက်ခတ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ ဖိလစ်ပိုင်မီဒီယာများ၏ဖော်ပြချက်အရ ရိုင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာကြောင်းသိရသည်။ ရိုင် တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်တောင်ပိုင်းရှိ Siargao...
တိုကျို၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အိုဆာကာ စီရင်စုတွင် ယနေ့ သောကြာနေ့က အဆောက်အဦတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၇ ဦး ရှိနိုင်ကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။ JR အိုဆာကာဘူတာအနီး အိမ်ငှားအခန်းများစွာရှိသည့် ၆ ထပ်တိုက်အဆောက်အအုံ စတုတ္ထထပ်တွင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဒေသခံမီးသတ်အဖွဲ့၏...
ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) Huawei Technologies (Thailand) ကုမ္ပဏီလီမိတက်သည် ဒီဇင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် Siriraj ဆေးရုံ၊ ထိုင်းနိုင်ငံ အမျိုးသားအသံလွှင့်ဌာနနှင့်ဆက်သွယ်ရေးကော်မရှင်တို့ (NBTC) နှင့်အတူ Siriraj ဆေးရုံတွင် 5G smart ဆေးရုံ စီမံကိန်းအား...
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Hula တောင်ကြားတွင် H5N1 ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရသည့် တောရိုင်းကြိုးကြာကောင်ရေ ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ကြောင်း အစ္စရေး စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ ဧရိယာအတွင်း ပုံမှန်မဟုတ်သော ကြိုးကြာငှက်သေဆုံးမှု...
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ရိုင် ဝင်ရောက်တိုက်ခတ် မနီလာ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအတွင်း ယခုနှစ်၏ အားအကောင်းဆုံး မုန်တိုင်းတစ်ခုဖြစ်သော တိုင်ဖွန်းမုန်တိုင်း ရိုင် (Rai) သည် နိုင်ငံတောင်ပိုင်း Siargao ကျွန်းသို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း...
မနီလာ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်ငံနိုင်ငံတွင် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ရိုင် (Rai) ချဉ်းကပ်လာသဖြင့် နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ကမ်းရိုးတန်းကျေးရွာများ၌ နေထိုင်သူများအား ဒီဇင်ဘာ ၁၅ ရက်က ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်းကြရကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ Southern Leyte...
ကိုလံဘို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှ ၁၁၃ ကီလိုမီတာခန့်အကွာရှိ ရတ်နာပူရမြို့တွင် ကမ္ဘာ့အကြီးဆုံး အပြာရောင်သဘာဝနီလာကျောက်မျက်တုံးကြီးအား တူးဖော်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ အဆိုပါ အပြာရောင် သဘာဝနီလာကျောက်မျက်တုံးကြီးအား “အာရှဘုရင်မ” ဟု...
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) အသိအမှတ်ပြုဖွယ်အကောင်းဆုံး တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ခြင်းနှင့်အတူ ပေါ်ထွက်လာသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အမြောက်အများလည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း ဒုတိယ ဝန်ကြီးချုပ် Sonexay Siphandone က ပြောကြားခဲ့သည်။ “အခုအခါ Thanaleng ကုန်းတွင်းဆိပ်ကမ်းနဲ့ ဗီယင်ကျန်း ထောက်ပံ့ပို့ဆောင်ရေးဥယျာဉ်က...