စရီနာဂါ၊ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်သွေးကြွများဟုယူဆရသောသေနတ်သမားများသည် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယအာဏာရ Bharatiya Janataပါတီ (BJP) မှ ဒေသအဆင့်ခေါင်းဆောင်တစ်ဦး ကို သြဂုတ် ၁၇ ရက် က လုပ်ကြံပစ်ခတ်ခဲ့ကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဗီယင်ကျန်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က အိမ်နီးချင်း ထိုင်းနိုင်ငံ၌ လုပ်ကိုင်နေကြသော လာအိုနိုင်ငံသားများအတွက် COVID-19 အကျပ်အတည်း ကျော်လွှားနိုင်ရေး ကူညီပေးရန် ထိုင်းနိုင်ငံသို့ ပြောကြားခဲ့သည်။
လန်ဒန်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်၏ လက်ရှိ အခြေအနေအပေါ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ဩဂုတ် ၁၇ ရက်ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တာလီဘန်အနေဖြင့် မည်သည့် ပြည်တွင်းပြည်ပ ရန်သူမျိုးကိုမျှ မလိုလားကြောင်း နှင့် အာဖဂန်နစ္စတန်နိုင်ငံတွင် အားလုံးပါဝင်သော အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားရန် ရည်မှန်းထားကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၌ ဩဂုတ် ၁၆ ရက်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ရွှံ့မြေပြိုမှုများကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၅ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နှင့် ဘေးအန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေသေးသဖြင့် ပြည်သူများ...
ဂျကာတာ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေစီ တန်ဂါရာပြည်နယ် ရေပြင်တွင် ဩဂုတ် ၁၆ ရက်က အနည်းဆုံးလူ ၃၄ ဦး တင်ဆောင်လာသည့် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ KM Bukit Sumber Poleang သင်္ဘောသည်...
ကွာလာလမ်ပူ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင် ယာဆင် (Muhyiddin Yassin) သည် အောက်လွှတ်တော်တွင် အများစုထောက်ခံမှု ဆုံးရှုံးပြီးနောက် ဩဂုတ် ၁၆ ရက်၌ ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ မူယီဒင်က ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့သည် လွှတ်တော်အမတ် အများစု၏...
မနီလာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတစ်ဝန်း ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်တက်လာသဖြင့် အိန္ဒိယနှင့် အခြားနိုင်ငံ ၉ နိုင်ငံမှ ခရီးသွားများအားလုံးအတွက် ခရီးသွားတားမြစ်ချက်ကို ဩဂုတ် ၃၁ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က...
ဘာလင် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်များ အာဏာရရှိပြီး ရှာရီယာ(Sharia)ဥပဒေကို ကျင့်သုံးလာပါကဂျာမနီနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီ ပေးနေမှုများအား ရပ်ဆိုင်းလိုက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။