ဂျကာတာ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR) အမှတ် ၁၀ ဥမင်လိုဏ်ခေါင်းသည် ပြီးစီးသွားပြီ ဖြစ်ကြောင်း ရထားလမ်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kyushu ဒေသတွင် ဩဂုတ် ၈ ရက် ညပိုင်းက Lupit တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ဩဂုတ် ၉ ရက် နံနက်ပိုင်းက နိုင်ငံအနောက်ပိုင်း၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသအေဂျင်စီက...
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Gujranwala ခရိုင်တွင် ဩဂုတ် ၈ ရက်ညပိုင်းတွင် ခရီးသည်တင်ဗန်ကား၏ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာတွင် ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တာလီဘန်စစ်သွေးကြွများသည် ဩဂုတ် ၈ ရက်က တစ်ရက်တာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ် မြို့တော် Taluqan အား စီးနင်းဝင်ရောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ကွာလာလမ်ပူ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ဩဂုတ် ၈ ရက်က တစ်ရက်တည်း ၃၆၀ ဦးဖြင့် အမြင့်ဆုံးစံချိန်တင် အရေအတွက် ရှိခဲ့ပြီး ယခုအခါ သေဆုံးသူ စုစုပေါင်း ၁၀,၇၄၉ ဦး ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
ဒါကာ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အနောက်မြောက်ပိုင်း Manikganj ခရိုင်ရှိ ဈေးတန်းကြီးတစ်ခုတွင် လက်လုပ်ရိုးရာသစ်သားလှေ အများအပြားကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ ဒီဇိုင်းထုတ်လုပ်ပြီး တည်ဆောက်ထားသော လေယာဉ်တင်သင်္ဘော Vikrant အား နိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ် ကိုချီကမ်းရိုးတန်း၌ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု စတင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။