ကဘူးလ်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အာဖဂန်နိုင်ငံ လက်ရှိကာကွယ်ရေးဝန်ကြီးBismillah Khan Mohammadi ၏ ကဘူးလ်မြို့နေအိမ်အနီးတွင် ဩဂုတ် ၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် (၄)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ကိုလံဘို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ချိန်မှစ၍ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ဆေးဝါးများ ထုတ်လုပ်ရေး ၊ ထောက်ပံ့မှု နှင့် စည်းမျဉ်းဆိုင်ရာ...
ဦလန်ဘာတာ ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံအနှံ့ ယခုနှစ် ပထမနှစ်ဝက်အတွင်း ပြင်းထန်သော ရာသီဥတုအခြေအနေများကြောင့် မွေးမြူရေးတိရစ္ဆာန် အကောင်ရေ စုစုပေါင်း ၂ ဒသမ ၄ သန်း သေဆုံးသွားကြောင်း နိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းရုံးက ယနေ့ ပြောကြားခဲ့သည်။ dzud ဟုခေါ်သော အလွန်ပြင်းထန်သော...
ဆိုးလ် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) ယခုနှစ်နွေရာသီတွင် အမေရိကန်နိုင်ငံနှင့်အတူ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်အပေါ် ဆုံးဖြတ်ချက် မရချရသေးကြောင်း တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Boo Seung-chan က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် နှစ်ပတ်လည်...
နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။ Chamba, Kullu...
နယူးဒေလီ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ ၈ ဦးဒဏ်ရာရရှိကာ လူ ၄၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံအကြီးတန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် တယ်လီဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလိ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက် အစောပိုင်းတွင် အတည်ပြုခဲ့သည်။