ဘာလင် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်များ အာဏာရရှိပြီး ရှာရီယာ(Sharia)ဥပဒေကို ကျင့်သုံးလာပါကဂျာမနီနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီ ပေးနေမှုများအား ရပ်ဆိုင်းလိုက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးအရာရှိများက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် ပေကျင်း၏ ကတိကဝတ်အား ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် နှင့်လူသားအားလုံးအတွက်ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ရေးကိုအထောက်အကူပြုရန် တရုတ်နိုင်ငံက ခိုင်မာစွာ လုပ်ဆောင်လျက်ရှိသည်ဟု လာအိုဝန်ကြီးချုပ် Phankham Viphavanh က ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) က သြဂုတ် ၁၂ ရက်တွင် အအေးလွန်သည့်အဆင့်၌ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ကမ္ဘာမြေကြည့်ရှုလေ့လာရေးဂြိုဟ်တုလွှတ်တင်ခြင်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ISRO ဥက္ကဋ္ဌ K. Sivan က အတည်ပြုခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ၊ လူသားချင်းစာနာမှုညှိနှိုင်းကွပ်ကဲရေးရုံး(OCHA) က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ကြွက်များတွင် စမ်းသပ်မှု အလားအလာကောင်းသော ရလဒ်များ ရရှိပြီးနောက် ထိုင်းနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် နှာခေါင်းမှတစ်ဆင့်ဖျန်းရသော COVID-19 ကာကွယ်ဆေး နှစ်မျိုးကို လူသားဖြင့် စမ်းသပ်မှုများ စတင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြုံးယမ်း ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုများ ရှေ့တိုးလုပ်ဆောင်လာခြင်းအတွက် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုရီးယားနိုင်ငံ(DPRK)က ဩဂုတ် ၁၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ပြင်းထန်သောလုံခြုံရေးအကျပ်အတည်းဖြစ်မှု”ဟူ၍ သတိပေးခဲ့ကြောင်း သိရသည်။