မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၏ မြောက်ဘက်၌ အသစ်ဝယ်ယူထားသော S-70i Black Hawk ဘက်စုံသုံးရဟတ်ယာဉ်များထဲမှ တစ်စင်းသည် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အမှုထမ်း ၆ ဦး သေဆုံးကြောင်း ဖိလစ်ပိုင်လေတပ်(PAF)က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)
ဂျကာတာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ကျေးလက်ဒေသတွင် သက်ကြီးရွယ်အို ဒေသခံများအား မက်လုံးပေးသည့်အနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံပါက ကြက်အရှင်တစ်ကောင် ရရှိမည်ဟု ဒေသခံအာဏာပိုင်များက ကမ်းလှမ်းထားကြောင်း သိရသည်။
နယူးဒီလီ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မဟာရက်ရှ်ထရာ၊ ကီရာလာနှင့် မဇ္ဈဒေသပြည်နယ် (Madhya Pradesh) စသည့် ပြည်နယ် ၃ ခုတွင် Delta Plus ဟုအမည်ရှိသော COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်အသစ်အတွက် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝှမ်း တစ်လကြာ ခရီးသွားလာမှုကန့်သတ်ချက်အား ဇွန် ၂၁ ရက်တွင် တာဝန်ရှိသူများက ဖြေလျှော့လိုက်ပြီးနောက် လွန်ခဲ့သော ၂၄ နာရီအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း သီရိလင်္ကာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်တွင် သိရသည်။
ခတ္တမန္ဒု၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ကက်ဘိနက်နှစ်ကြိမ် တိုးချဲ့မှုတွင် ပါဝင်သည့် ဝန်ကြီး (၂၀)ဦးကို ရာထူးမှထုတ်ပယ်မည်ဖြစ်ကြောင်း ၊ ၎င်းတို့ထဲတွင် ဝန်ကြီးတာဝန်ထမ်းဆောင်သည့် ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးလည်း ပါဝင်ကြောင်း နီပေါနိုင်ငံ တရားရုံးချုပ်က ဇွန် ၂၂ ရက်တွင် ကြားဖြတ်အမိန့်ချမှတ်ခဲ့သည်။
ကိုလံဘို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း ယခုအချိန်ထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက်မှာ ၈,၁၃၉ ဦးထိ မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ မြို့တော် ကိုလံဘိုမြို့သည် ရောဂါဖြစ်ပွားသူ အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက ဇွန် ၂၁ ရက်တွင်...
နယူးဒေလီ ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၄၂,၆၄၀ ဦးနှင့်အတူ ဇွန် ၂၂ ရက်တွင် လူနာအရေအတွက်ပေါင်း ၂၉,၉၇၇,၈၆၁ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဖနွမ်းပင် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံပြည်သူ့လုပ်ငန်းဆောင်တာများ နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Sun Chanthol က တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးနေသည့် ဖနွမ်းပင်- သီဟာနုဗီလာ (Sihanoukville) အမြန်လမ်းမကြီးဖောက်လုပ်မှု စီမံကိန်းသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေလင့်ကစား လုပ်ငန်းများအပြည့်အဝ ဆက်လက်လည်ပတ်လျက်ရှိကြောင်း နှင့် သတ်မှတ်ချိန်ထက်စောပြီးရန် မျှော်လင့်ထားကြောင်း...
ဝါရှင်တန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်၏ မကြာသေးမီက ပြောကြားခဲ့သော မှတ်ချက်စကားအပေါ် “ စိတ်ဝင်စားဖွယ်ကောင်းသော အချက်ပြမှု” တစ်ခုအဖြစ် အမေရိကန်နိုင်ငံက ယူဆကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန် (Jake Sullivan) က တနင်္လာနေ့တွင်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှု နှင့်...