မနီလာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ စစ်ဘက်လေယာဉ်ပျက်ကျမှုအတွင်း ဆေးရုံသို့ ပို့ဆောင်ထားသော အပြင်းအထန် ဒဏ်ရာရရှိသူ စစ်သားနှစ်ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ဇူလိုင် ၅ ရက်ထိ...
ဘန်ကောက် ၊ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုတွင် မီးလောင်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး အခြား လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်အနီးက ဓာတုစက်ရုံတစ်ရုံသည် ယနေ့ ဇူလိုင် ၅ ရက် အစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရာတွင် နိုင်ငံခြားသံတမန်များ နှင့် ဝန်ကြီးအဆင့် တာဝန်ရှိသူများမှလွဲ၍ နိုင်ငံခြားသားများ အားလုံးသည် polymerase chain reaction (PCR) စစ်ဆေးမှုဖြင့် ရောဂါပိုး ကင်းစင်ကြောင်း နှင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များကို ပြသရန် လိုအပ်ကြောင်း...
မနီလာ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာပြီး အခြား ဒဏ်ရာရသူ (၅၃)ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ (၅)ဦး ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
မနီလာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) လူပေါင်း ၈၅ ဦးတင်ဆောင်လာသော ဖိလစ်ပိုင်နိုင်ငံ လေတပ်မှ C-130 ထောက်ပို့လေယာဉ်တစ်စင်းသည် ယနေ့ တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူပြည်နယ်(Sulu) ၌ ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း လေတပ်က ဆိုသည်။
တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၂ ဦးသေဆုံးပြီး အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။
နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဆီသို့ စီးပွားရေးလုပ်ငန်းသုံး နိုင်ငံတကာလေကြောင်းပျံသန်းမှု အဝင်၊ အထွက်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။