နယူးဒေလီ၊ မေ ၂၆ ရက် (ဆင်ဟွာ) Yaas ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းသို့ မေ ၂၆ ရက် နံနက်ပိုင်းတွင်ဝင်ရောက်ခဲ့ရာ မိုးနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောသည်။
ဒါကာ ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးကျောင်းသားများအား တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများကို မေ ၂၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တိုကျို ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ဘက်ခြမ်းရှိ အဓိက ကျွန်းဖြစ်သည့် ဟော့ကိုင်းဒိုး၌ ယနေ့ မေ ၂၆ ရက်တွင် ဂျပန်ငါးဖမ်းလှေတစ်စင်းသည် ရုရှားသင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ရာ လူ သုံးဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
နယူးဒေလီ၊ မေ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် မေ ၂၅ ရက်က Yaas ဆိုင်ကလုန်းမုန်တိုင်းရှေ့ပြေးအဖြစ် လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး နေအိမ် ၄၀ ပျက်စီးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee ၏...
နယူးဒေလီ၊ မေ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် မေ ၂၄ ရက်အထိ ကိုဗစ်သေဆုံးလူနာ စုစုပေါင်း (၃၀၃,၇၂၀)ဦး အထိရှိလာရာ အမေရိကန်၊ ဘရာဇီးပြီးလျှင် ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာ(၃)သိန်းကျော်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။
ဂျကာတာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Soekarno Hatta လေဆိပ်သို့ မေ ၂၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ပမာဏများပြားသော COVID-19 ကာကွယ်ဆေး နောက်ထပ်အသုတ် တစ်သုတ် ရောက်ရှိလာခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မေ ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် ၁ ဒသမ ၉၆ ရာခိုင်နှုန်းထိ သိသိသာသာ တိုးလာခဲ့ပြီး အလုပ်လက်မဲ့ဦးရေသည် ၇၆၀,၀၀၀ ဦးထိ ရှိခဲ့ကြောင်း မေ ၂၄ ရက်တွင် အမျိုးသား စီးပွားရေး နှင့်...
ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဥမင်တစ်ခုအတွင်း မေ ၂၄ ရက်က ရထားလမ်းနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၄၇ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း မီဒီယာသတင်းများအရ သိရသည်။
မနီလာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသားများက တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်သူ Sinovac Biotech ၏ CoronaVac ကာကွယ်ဆေးကို အခြား COVID-19 ကာကွယ်ဆေးများထက် ပို၍ နှစ်သက်ကြကြောင်း မေ ၂၄ ရက်တွင် ထုတ်ပြန်သော လွတ်လပ်သော စစ်တမ်းတစ်ခုအရ သိရသည်။
အစ္စလာမ်မာဘတ် ၊ မေ ၂၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan)က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CEPC) သည် ပါကစ္စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုသာမက ဒေသတွင်းတစ်ခုလုံးအတွက်လည်း ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။