နယူးဒေလီ၊ မေ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် မေ ၂၄ ရက်အထိ ကိုဗစ်သေဆုံးလူနာ စုစုပေါင်း (၃၀၃,၇၂၀)ဦး အထိရှိလာရာ အမေရိကန်၊ ဘရာဇီးပြီးလျှင် ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာ(၃)သိန်းကျော်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။
ဂျကာတာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Soekarno Hatta လေဆိပ်သို့ မေ ၂၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ပမာဏများပြားသော COVID-19 ကာကွယ်ဆေး နောက်ထပ်အသုတ် တစ်သုတ် ရောက်ရှိလာခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မေ ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် ၁ ဒသမ ၉၆ ရာခိုင်နှုန်းထိ သိသိသာသာ တိုးလာခဲ့ပြီး အလုပ်လက်မဲ့ဦးရေသည် ၇၆၀,၀၀၀ ဦးထိ ရှိခဲ့ကြောင်း မေ ၂၄ ရက်တွင် အမျိုးသား စီးပွားရေး နှင့်...
ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဥမင်တစ်ခုအတွင်း မေ ၂၄ ရက်က ရထားလမ်းနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၄၇ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း မီဒီယာသတင်းများအရ သိရသည်။
မနီလာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသားများက တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်သူ Sinovac Biotech ၏ CoronaVac ကာကွယ်ဆေးကို အခြား COVID-19 ကာကွယ်ဆေးများထက် ပို၍ နှစ်သက်ကြကြောင်း မေ ၂၄ ရက်တွင် ထုတ်ပြန်သော လွတ်လပ်သော စစ်တမ်းတစ်ခုအရ သိရသည်။
အစ္စလာမ်မာဘတ် ၊ မေ ၂၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan)က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CEPC) သည် ပါကစ္စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုသာမက ဒေသတွင်းတစ်ခုလုံးအတွက်လည်း ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ မေ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း အပြင်းအထန်တိုက်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ဝမ်းနည်းကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Sun Weidong က ပြောကြားခဲ့သည်။ “အိန္ဒိယနိုင်ငံမှာ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသက်ဆုံးရှုံးသူများအတွက် ဝမ်းနည်းရပါတယ်။ သဘာဝဘေးအန္တရာယ်ဒဏ်ကို...
ဒါကာ ၊ မေ ၂၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူရန် အတည်ပြုခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အစိုးရအဖွဲ့ စီးပွားရေးဆိုင်ရာ ကော်မတီက မေ ၁၉ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဝယ်ယူခြင်းကို...
ဂျကာတာ၊ မေ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ဆောက်လုပ်ရေးတိုးတက်မှုသည် ၇၃ ရာခိုင်နှုန်းရှိပြီး ယင်းရထားလမ်းအား ၂၀၂၂ အကုန်တွင် လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း မေ ၁၈ ရက်တွင်ပြောကြားသည်။
နယူးဒေလီ၊ မေ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနောက်ဘက် ကမ်းရိုးတန်းတစ်ခွင်ရှိ ပြည်နယ်များစွာ၌ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက မေ ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။