မော်စကို ၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့်တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေး သဘောတူညီချက်ရေးထိုးရန်ရုရှားနိုင်ငံသမ္မတပူတင်က မေလ ၁၇ ရက်၌ အမိန့်ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
နယူးဒေလီ ၊ မေ ၁၇ ရက်(ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း Tauktae သည် ယနေ့ မေ ၁၇ ရက်တွင် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ အရှိန်မြှင့်လာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ကမ်းရိုးတန်းသို့ ညနေပိုင်းတွင် ဝင်ရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ဝယ်ယူခဲ့သည့် Sinovac COVID-19 ကာကွယ်ဆေး စတုတ္တအသုတ်အား သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ မေ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ မေ ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ဘောလုံးအသင်းသည် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ နှင့် ၂၀၂၃ တရုတ် အာရှဖလားခြေစစ်ပွဲတို့မှ အသီးသီး နုတ်ထွက်သွားကြောင်း အာရှဘောလုံးအဖွဲ့ချုပ် က မေ ၁၆ ရက်၌ အတည်ပြုထုတ်ပြန်ခဲ့သည်။
တိုကျို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Hokkaido ဟော့ကိုင်းဒိုးစီရင်စု၌ ယနေ့ မေ ၁၆ ရက်တွင် ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA) ထံမှ သိရသည်။
ကိုလံဘို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ကြီးမားသောဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၄၂,၀၀၀ ကျော်မှာ ဘေးသင့်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ(DMC)၏ မေ ၁၅ ရက်တွင် နောက်ဆုံးထုတ်ပြန်သော...
အစ္စလာမ်မာဘတ်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ ဆိုင်ခွန်ပူရာခရိုင်၌ မေ ၁၄ ညနေပိုင်း တွင် ခရီးသည်တင်ဗန်ကား တစ်စီးသည် တူးမြောင်းထဲသို့ ပြုတ်ကျပြီးနောက် ကလေး ၇ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာ...
နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော Kondali သစ်တောကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ထက်မနည်း သေဆုံးနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းမှာ အာရှတောရိုင်းဆင် အရေအတွက်၏ ၆၀...
တိုကျို၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီဒဲ (Suga Yoshihide) က၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများအား ယခုနှစ် နွေရာသီတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။ ဆူဂါက...
ဘန်ကောက် ၊ မေ ၁၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အမျိုးသမီး လက်ရွေးစင် ဘော်လီဘော လေ့ကျင့်ရေးစင်တာတွင် COVID-19 ရောဂါ ကူးစက်ခံထားသူ ၂၆ ဦးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယခုလကုန်ပိုင်းတွင် အီတလီနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဘော်လီဘော အဖွဲ့ချုပ် ပြိုင်ပွဲကို နုတ်ထွက်လိုက်ရကြောင်း ထိုင်းနိုင်ငံဘောလီဘော အဖွဲ့ချုပ်...