အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
ဒါကာ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အနောက်မြောက်ပိုင်း Manikganj ခရိုင်ရှိ ဈေးတန်းကြီးတစ်ခုတွင် လက်လုပ်ရိုးရာသစ်သားလှေ အများအပြားကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ ဒီဇိုင်းထုတ်လုပ်ပြီး တည်ဆောက်ထားသော လေယာဉ်တင်သင်္ဘော Vikrant အား နိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ် ကိုချီကမ်းရိုးတန်း၌ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု စတင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။
ကဘူးလ်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အာဖဂန်နိုင်ငံ လက်ရှိကာကွယ်ရေးဝန်ကြီးBismillah Khan Mohammadi ၏ ကဘူးလ်မြို့နေအိမ်အနီးတွင် ဩဂုတ် ၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် (၄)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ကိုလံဘို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ချိန်မှစ၍ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ဆေးဝါးများ ထုတ်လုပ်ရေး ၊ ထောက်ပံ့မှု နှင့် စည်းမျဉ်းဆိုင်ရာ...