ကိုလံဘို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အပြင်ဘက် Mahara မြို့ရှိ လုံခြုံရေးအမြင့်မားဆုံး အကျဉ်းထောင်တစ်ခုတွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ငါးဦးပါသောအထူးကော်မတီတစ်ရပ်ကို တရားရေးဝန်ကြီးဌာန ဝန်ကြီး Ali Sabry က ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး Lao Petroleum & Chemical Co. Ltd (Laopec)၏ တစ်နှစ်လျှင် ရေနံတန်ချိန် ၃ သန်း သန့်စင်ပေးနိုင်သည့် စီမံကိန်း၏ ပထမကာလ ထုတ်လုပ်မှုလုပ်ငန်းများကို နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ၎င်းစီမံကိန်းသည်...
ဖနွမ်းပင် ၊ ဒီဇင်ဘာ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ တိရစ္ဆာန်ရုံတစ်ခုတွင် ၃၅ နှစ်နီးပါးကြား အထီးကျန်စွာ နေထိုင်ခဲ့ရသည့် အာရှဆင်ကြီးတစ်ကောင်သည် စင်းလုံးငှား ကုန်တင် လေယာဉ်ဖြင့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန်နှင့်ပြောရေးဆိုခွင့်ရှိသူ Neth Pheaktra...
ဒါကာ၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမြင့်ဆုံးစီးပွားရေးမူဝါဒဖော်ဆောင်ရေးကောင်စီက ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၆.၉၃ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၈၂၀ ) တန်ဖိုးရှိ နိုင်ငံ၏တတိယမြောက် ရေအောက် အင်တာနက် ကေဘယ်ကြိုးလိုင်း တပ်ဆင်ရေးစီမံကိန်းအတွက် ဒီဇင်ဘာ ၁ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။ (၁ ဒေါ်လာ=၈၆ တာကာ)
ကိုလံဘို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် သီရိလင်္ကာနိုင်ငံတွင် အဝေးပြေးလမ်းမကြီးများခင်းရာတွင် ကုန်ကြမ်းအဖြစ် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက နိုဝင်ဘာ ၂၈ ရက်နေ့၌ သတင်းဖော်ပြခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့်အတူ နိုဝင်ဘာ ၂၄ ရက်က တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယတဒ်၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ညှိနှိုင်းပူးပေါင်းမှုများ ဆက်လက်ဆောက်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ကြရန် မဖြစ်မနေလိုအပ်ကြောင်း G20အဖွဲ့ ခေါင်းဆောင်များက နိုဝင်ဘာ ၂၁ ရက်တွင် အလေးထား ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) သည် မလေးရှားနိုင်ငံက ဦးစီးကျင်းပသော APEC ခေါင်းဆောင်များ အွန်လိုင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ အတွက် ကာလရှည် အသေးစိတ် အစီအစဉ်သစ်ဖြစ်သော ၂၀၂၀ ပြည့်နှစ်အလွန် မျှော်မှန်းချက်...
မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) လက်မှတ်ရေးထိုးခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှုများကို ပို၍ အားကောင်းစေမည်ဖြစ်ပြီး ဒေသတစ်ခုလုံး၏ စီးပွားရေး ပြန်လည်နိုးထရန် တွန်းအားဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင်စက်မှုလုပ်ငန်းဝန်ကြီး ပြီးခဲ့သည့်ရက်များတွင် ပြောကြားခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့သော Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။