ဆိုးလ် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားစစ်တပ်က ဂျပန်နိုင်ငံနှင့် အငြင်းပွားနေသည့် ကျွန်းငယ်များအနီးတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသော အစိုးရ နှင့် စစ်တပ် သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဇွန် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ အရှေ့ပင်လယ်ပိုင်နက်ကာကွယ်စောင့်ရှောက်ရေးလေ့ကျင့်ခန်းဟု...
ဒါကာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန် ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဌာနချင်း ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ (ISPR) ဌာန၏ ကြေညာချက်တွင်...
ဖနွမ်းပင်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘောဒီးယားနိုင်ငံအား ဆေးရွက်ကြီးအသုံးပြုမှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆေးရွက်ကြီးကင်းမဲ့ရေးနေ့ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြုံးယမ်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေး အရေးကြီးသော လုပ်ငန်းများကို ဆွေးနွေးရန် ဇွန် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ကိုလံဘို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ကူညီတည်ဆောက်ပေးသည့် တရုတ်-သီရိလင်္ကာချစ်ကြည်ရေးဆေးရုံ (ခေါ်) သီရိလင်္ကာ အမျိုးသားကျောက်ကပ်အထူးကုဆေးရုံကြီးကို ဇွန် ၁၁ ရက်က ပိုလွန်နာရုဝါမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa ၊ သမ္မတဟောင်း Maithripala Sirisena၊...
မနီလာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ပိုလီယိုရောဂါကူးစက်မှုပြန်လည်မြင့်တက်လာပြီးနောက် နှစ်နှစ်နီးပါးမျှအကြာတွင် ရောဂါဖြစ်ပွားမှု အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၁၁ ရက်၌ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဦးစီးဌာန (DOH) အနေဖြင့် ယခုနှစ်...
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Balochistan ပြည်နယ်၊ Khuzdar ခရိုင်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်နံနက်ပိုင်းတွင် ဒေသတွင်းသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါဘတ်စ်ကားသည်...
နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉၁,၇၀၂ ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ဇွန် ၁၁ ရက်တွင် ၂၉,၂၇၄,၈၂၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဟနွိုင်း ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါစိုးရိမ်ပူပန်မှုများကြောင့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတို့တွင် ကျင်းပရန် သတ်မှတ်ထားသော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ(ဆီးဂိမ်းစ်) အားကစားပြိုင်ပွဲများကို လာမည့်နှစ် ဇူလိုင်လသို့ ရွှေ့ဆိုင်းရန် ဗီယက်နမ်အိုလံပစ်ကော်မတီက အဆိုပြုခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အိုလံပစ်ကော်မတီက ယင်းအကြံပြုချက်အား ဇွန် ၉...
ဆိုးလ် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာ လူ ၉ ဦးထက်မနည်း သေဆုံးသွားပြီး အခြားလူ ၈ ဦး ဒဏ်ရာရရှိကြောင်း Yonhap သတင်းအေဂျင်စီက ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ငံအနောက်တောင်ပိုင်းရှိ Gwangju...