မနီလာ၊ဒီဇင်ဘာ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း Joypurhat ဒေသတွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရထားနှင့် ခရီးသည်တင်ယာဉ် တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်းပြည်နယ် (Samut Sakhon)၌ COVID-19 ကပ်ရောဂါတစ်ကျော့ပြန် မြင့်တက်လာပြီး လက်ရှိတွင် လူပေါင်း ၅၄၈ ဦးထိ ရောဂါကူးစက်ခံထားရသဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဒါကာ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ Hazrat Shahjalal နိုင်ငံတကာလေဆိပ် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိသော နောက်ထပ် စစ်လက်ကျန်ဗုံးတစ်လုံးကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှုရုံး (ISPR)...
ဗီယင်ကျန်း၊ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် လာအိုနိုင်ငံတွင် နောက်ထပ်လူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းသွားကြောင်း နှင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် COVID-19 ရောဂါကူးစက်မှုအသစ်လုံးဝ မရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ဒီဇင်ဘာ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်အနီး Rawalpindi ခရိုင် ရာဝါလ်ပင်ဒီ တပ်မြို့လယ်ခေါင်ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၁၃ ရက်က ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၅ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများ နှင့် ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း ၄၅ ဦးတွင် ထပ်မံဖြစ်ပွားခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇,၉၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက်အရ ရုရှားနိုင်ငံစစ်လက်နက်အင်အားစု အနေဖြင့် ယင်းနေ့တွင် မဟာဗျူဟောမြောက် နျူကလီးယား ထိပ်ဖူးတပ်ဆင်၍ ပစ်ခတ်နိုင်သော စစ်လက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အန်ဒရာပရာဒစ်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး အီလုရူ(Eluru)မြို့တွင် အမည်မသိရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်မှုကြောင့် ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် အစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ဒီဇင်ဘာ ၈ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တောင်ကိုရီးယားနိုင်ငံသည် လူပေါင်း ၄၄ သန်းစာ သို့မဟုတ် နိုင်ငံ့စုစုပေါင်းလူဦးရေး၏ ၈၈ ရာခိုင်နှုန်းအတွက် COVID-19 ရောဂါကာကွယ်ဆေးများကို နိုင်ငံခြားဆေးဝါးကုမ္ပဏီများထံမှ ရရှိရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။