ဗီယင်ကျန်း၊ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် လာအိုနိုင်ငံတွင် နောက်ထပ်လူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းသွားကြောင်း နှင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် COVID-19 ရောဂါကူးစက်မှုအသစ်လုံးဝ မရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ဒီဇင်ဘာ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်အနီး Rawalpindi ခရိုင် ရာဝါလ်ပင်ဒီ တပ်မြို့လယ်ခေါင်ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၁၃ ရက်က ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၅ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများ နှင့် ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း ၄၅ ဦးတွင် ထပ်မံဖြစ်ပွားခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇,၉၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက်အရ ရုရှားနိုင်ငံစစ်လက်နက်အင်အားစု အနေဖြင့် ယင်းနေ့တွင် မဟာဗျူဟောမြောက် နျူကလီးယား ထိပ်ဖူးတပ်ဆင်၍ ပစ်ခတ်နိုင်သော စစ်လက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အန်ဒရာပရာဒစ်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး အီလုရူ(Eluru)မြို့တွင် အမည်မသိရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်မှုကြောင့် ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် အစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ဒီဇင်ဘာ ၈ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တောင်ကိုရီးယားနိုင်ငံသည် လူပေါင်း ၄၄ သန်းစာ သို့မဟုတ် နိုင်ငံ့စုစုပေါင်းလူဦးရေး၏ ၈၈ ရာခိုင်နှုန်းအတွက် COVID-19 ရောဂါကာကွယ်ဆေးများကို နိုင်ငံခြားဆေးဝါးကုမ္ပဏီများထံမှ ရရှိရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာကီနာဖာဆိုနိုင်ငံသမ္မတအဖြစ် ထပ်မံရွေးကောက်ခံရသော သမ္မတ Roch Marc Christian Kabore ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ဒီဇင်ဘာ ၇ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံထုတ် COVID-19 ရောဂါ ကာကွယ်ဆေးများသည် ကောင်းမွန်သောအခြေအနေတွင်ရှိနေကြောင်း နှင့် ယင်းကာကွယ်ဆေးများဖြန့်ဖြူးရာတွင် မပျက်စီးအောင် ၊ ဘေးကင်းလုံခြုံအောင် သိမ်းဆည်းထားနိုင်ရန်အတွက် အအေးခန်းပါ မော်တော်ယာဉ်များကို ကောင်းစွာပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Terawan Agus Putranto က ယနေ့...
စင်ကာပူ ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) လက်မှတ်ရေးထိုးခဲ့ခြင်းသည် တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်သစ်တစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် စင်ကာပူနိုင်ငံမှ ပညာရှင်တစ်ဦးက...
ဘန်ဒါဆာရီဘီဂါဝန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဘရူနိုင်းနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းတာ ရောဂါဖြစ်ပွားသူ ၁၅၁ ဦးဖြင့် ဆက်လက်ရပ်တည်နေခြင်း နှင့်အတူ ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုလူနာသစ် မတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။