ခတ္တန္ဒူ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်လာသော ကျိုင်းကောင်များ၏ ဖျက်ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘူရိဂင်္ဂါ(Buriganga)မြစ်အတွင်း လူပေါင်းများစွာ တင်ဆောင်လာသော ကူးတို့လှေတစ်စီးသည် ဇွန် ၂၉ ရက်တွင် နစ်မြုပ်သွားခဲ့ပြီးနောက် ရုပ်အလောင်း ၃၀ ထက်မနည်းကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။
ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အာဆီယံ ၁၀ နိုင်ငံမှခေါင်းဆောင်များသည် ဇွန်လ ၂၆ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသော ၃၆ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး၌ ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ်သမားရေးရာကဏ္ဍတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Declaration on Human Resources Development...
ဟနွိုင်း ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး အား ဇွန်လ ၂၆ ရက် တွင် အွန်လိုင်းစနစ် ဖြင့် အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး တက်ရောက် ခဲ့သည့် နိုင်ငံအသီးသီး...
ပြုံးယမ်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က တောင်ကိုရီးယားပေါ်သို့ မကြာမီကာလအတွင်း လက်ကမ်းစာစောင် ၁၂ သန်းကြဲချခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံက ကျူးလွန်ထားသော ပြစ်မှုများအား ပြန်လည်ပေးဆပ်ရန် လက်တုံ့ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
ဗီယင်ကျန်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) China Railway Guangzhou Engineering Group (CRECGZ)ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် တရုတ်-လာအို ရထားလမ်း Ban Nakokဥမင်လိုဏ်ခေါင်းသည် ဇွန်လ ၂၁ ရက်တွင် အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော် မြောက်ပိုင်း ဆင်ခြေဖုန်းတွင် တရုတ်-လာအို ရထားလမ်းအတွက် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများကို တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က ဇွန် ၁၈ ရက်တွင် ဂဟေဆော်ခဲ့ကြောင်း သိရသည်။
တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီးဖြစ်သူ ဥပဒေပြုအမတ် Anri Kawai တို့ နှစ်ဦးစလုံးကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အစိုးရရှေ့နေများက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ယနေ့ဇွန်...
ပြုံယမ်း ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယခင်-စစ်မဲ့ဇုန် (Kaesong စက်မှုဇုန်) နှင့် Kumgang တောင်တန်းဒေသများတွင် မကြာမီကာလအတွင်း တပ်ချထားမည်ဖြစ်ကြောင်း ယနေ့ ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မနီလာ ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ပထမငါးလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သော ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။