နယူးဒေလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်၌ ယနေ့နံနက်ပိုင်း (အောက်တိုဘာ ၄ ရက်) တွင် ဂလိုက်ဒါလေယာဉ်ငယ် တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အိန္ဒိယရေတပ်(IN) မှ အရာရှိနှစ်ဦး သေဆုံးခဲ့ကြောင်း နယူးဒေလီမြို့ရှိ ရေတပ်အရာရှိ(IN) သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အစိုးရက အောက်တိုဘာ ၁၇ ရက်မှစပြီး တောင်တက်ခြင်းနှင့် ခြေလျင်တောင်တက်ခြင်း ခရီးစဉ်များအတွက် နိုင်ငံခြားခရီးသွားများကို ပြန်လည်ကြိုဆိုရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် နီပေါတွင် ၇ လ နီးပါး ရပ်တန့်ခဲ့ရသော နိုင်ငံခြားသားများအတွက် ခရီးသွားဗီဇာများ ပြန်လည်ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု၊...
ဗီယင်ကျန်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) Nateuy ဘူတာရုံအဓိကအဆောက်အအုံ နောက်ဆုံးကွန်ကရစ်ခေါင်မိုး လောင်းပြီးနောက် တရုတ်ရထား လမ်းတည်ဆောက်ရေး အင်ဂျင်နီယာရင်းဂရု(ပ်) (CRCEG) ၏ တရုတ်-လာအိုရထားလမ်းတစ်လျှောက် ပထမဆုံး ဘူတာရုံ တည်ဆောက်မှုမှာ စက်တင်ဘာ ၁၇ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်သစ် ယိုရှီဟီဒဲ ဆူဂါ (Yoshihide Suga) အား စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် လွှတ်တော်အထူးအစည်းအဝေး၌ ရှင်ဇိုအာဘေး၏ နေရာတွင် ဆက်ခံမည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ဂျကာတာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Deng Xijun က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)မူဘောင်အောက်ရှိ ပါကစ္စတန် Rashakai အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးရေး သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်က အစ္စလာမ်မာဘတ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်စွာ ပြီးဆုံး၍ လက်တွေ့အကောင်အထည်ဖော်...
ကိုလံဘို၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက သီရိလင်္ကာနိုင်ငံ၏ အခင်းအကျင်းကို ပြောင်းလဲလာစေမည်ဖြစ်ကြောင်း မြို့တော်ကိုလံဘိုရှိ တရုတ်နိုင်ငံတည်ဆောက်လျက်ရှိသည့် စီမံကိန်းကိုလာရောက်လည်ပတ်သည့် ခရီးစဉ်တွင် သီရိလင်္ကာဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး TharakaBalasuriya က ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင် နှင့် မလေးရှားသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့သည် စက်တင်ဘာ ၇ ရက်ကတွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများအပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။