ကန်ချနာဘူရီ ၊ ထိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကန်ချနာဘူရီပြည်နယ်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းစကားအပြည့်ဖြစ် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခု ဖြစ်သည်။
စင်ကာပူ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံ နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ်တို့သည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှသည် ပိုမိုခိုင်မာစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၊ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသသည် စင်ကာပူကုမ္ပဏီများအတွက် အဓိက ဈေးကွက်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်က နှစ်ဖက်ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင်...
တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေအရ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၈ ရက်) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးကိစ္စကြောင့် ရာထူးမှနုတ်ထွက်ရန် စီစဉ်ထားကြောင်း NHK သတင်းဌာန၏ ယနေ့ (ဩဂုတ် ၂၈ ရက်) သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၆ (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ကရာချိမြို့တော်တွင် သြဂုတ်လအတွင်း ရွာသွန်းခဲ့သော သည်းထန်သည့် မုတ်သုံမိုးသည် ၃၆နှစ်အတွင်း မိုးရွာသွန်းမှုစံချိန်သစ်ဖြစ်ခဲ့ကြောင်း ပါကစ္စတန် မိုးလေဝသဌာန(PMD) က ပြောကြားခဲ့သည်။
မနီလာ၊ဩဂုတ်၂၅ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sulu ပြည်နယ် Joloမြို့တွင် ဩဂုတ်၂၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာသူ ၇၅ ဦး ရှိကြောင်းသိရသည်။
ဒါကာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာအသစ် ၂,၄၀၁ ဦးရှိခဲ့သဖြင့် ဩဂုတ် ၂၁ ရက်၌ စုစုပေါင်း ရောဂါဖြစ်ပွားသူဦးရေ ၂၉၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။
တိုကျို ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် နှစ်ပတ်လည် အခမ်းအနားတစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဩဂုတ် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဂျပန် ဧကရာဇ် ဘုရင် နာရူဟီတို (Naruhito) က ဂျပန်နိုင်ငံ၏...
နယူးဒေလီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈ ဒသမ ၁ သန်းကျော် ရေဘေးကြုံတွေ့လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ဖူဂျီဖလင် ဟိုးလ်ဒင်း ကော်ပိုရေးရှင်းက COVID-19 ကုသရန်အလားအလာရှိသည့် တုပ်ကွေးတိုက်ဖျက်ရေးဆေးဝါး Avigan အား လက်တွေ့စမ်းသပ်မှုများကို စက်တင်ဘာလတွင် ပြီးစီးမည်ဟု မျှော်လင့်ကြောင်း သြဂုတ် ၁၃ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။