ပြုံယမ်း ၊ မတ် ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မတ် ၂ ရက်တွင် တာဝေးပစ် အမြှောက်စမ်းသပ်ပစ်လွှတ်မှုနေရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မနီလာ ၊ မတ် ၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ မတ် ၂ ရက်တွင် သေနတ်သမားတစ်ဦးက ဓားစာခံများအား ၁၀ နာရီကြာ ဖမ်းဆီးထားသော ဖြစ်စဉ်တစ်ခုကို ရဲတပ်ဖွဲ့က အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် အဆိုပါသေနတ်သမားသည် ဓားစာခံအားလုံးကို ပြန်လည်လွှတ်ပေးလိုက်သလို ၎င်းကိုယ်တိုင်လက်နက်ချ အညံ့ခံခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
မနီလာ ၊ မတ် ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော် ဆန်ဂျူအန်(San Juan)ရှိ ဈေးဝယ်စင်တာ တစ်ခု၌ သေနတ်သမား တစ်ဦးက ဓားစာခံ အယောက် ၃၀ ခန့်အား ဖမ်းဆီးထားပြီး ယင်းတို့အနက် တစ်ဦးမှာ သေနတ်ဒဏ်ရာရထားကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ယနေ့...
မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ဖိလစ်ပိုင် နှင့် အမေရိကန်အကြား ချုပ်ဆိုထားသည့် ဧည့်တပ်ဖွဲ့ဝင်များ ထားရှိရေးသဘောတူညီချက်(VFA) ကို အစားထိုးရန် နှင့် စစ်ဘက်ဆိုင်ရာ စာချုပ်သစ် ချုပ်ဆိုရန် မည်သည့်ဆွေးနွေးမှုအသစ်ကိုမျှ ခွင့်ပြုလုပ်ဆောင်တော့မည်မဟုတ်ကြောင်းပြောကြားခဲ့သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ Salvador Panelo က မတ် ၁ ရက်တွင်...
နယူးဒေလီ ၊ မတ် ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ ၄ ရက်ကြာဖြစ်ပွားခဲ့သော လူအုပ်စုအကြား ပဋိပက္ခများအတွင်း မတ် ၁ ရက်နေ့အထိ သေဆုံးသူ ၄၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကွာလာလမ်ပူ ၊ မတ် ၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ယခင်ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည့် မူရီဒင်ယာစင် (Muhyiddin Yassin)က ယနေ့မတ် ၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ပထမအသုတ်အနေဖြင့် အီရန်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟွာက ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အချို့ဒေသများ၌ ဖေဖော်ဝါရီ ၂၅ ရက်မှ၂၆ရက် အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးကာ လူပေါင်း ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က လေထုအရည်အသွေး ဆိုးဝါးလာသဖြင့် မြို့တော်စီမံအုပ်ချုပ်မှု (BMA) အောက်ရှိ စာသင်ကျောင်းများအားလုံးကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်ရှိ မြစ်တစ်စင်း အတွင်းသို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ထိုးကျတိမ်းမှောက်ခဲ့သဖြင့် လူ ၂၅ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ...