ကိုလံဘို၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksaဦးဆောင်သော ဝန်ကြီးများ ၊ လွှတ်တော်အမတ်များနှင့် အရပ်သားပြည်သူတစ်ထောင်နီးပါးသည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ကိုလံဘိုမြို့ရှိ Abhayagiri vihāraဘုရားကျောင်းတွင် တရုတ်နိုင်ငံ၏ ကိုရိုနာ ရောဂါတိုက်ဖျက်ရေး အောင်မြင်ပြီးမြောက်စေရန်အတွက် ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံသို့ရောက်ရှိနေသော အသက် ၄ နှစ်အရွယ် တရုတ်နိုင်ငံသားကလေးငယ်တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမှာ အပြည့်အဝပြန်လည်သက်သာလာပြီးဖြစ်ကြောင်း နှင့် ၎င်းအား တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) မလေးရှား နိုင်ငံ ပီနန်မြို့၌ “Miao Hui” တရုတ်နှစ်သစ်ကူး ပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်က စည်ကားစွာ ကျင်းပခဲ့ပြီး တက်ရောက်လာသော ပြည်သူများက ရိုးရာ ကဗျာ ရွတ်ဆိုခြင်း ၊ Teochew ပြဇာတ် ကပြခြင်း...
ဟနွိုင်း ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ ဇန်နဝါရီ ၂၉ ရက်တွင် ပြီးဆုံးခဲ့သည့် နှစ်သစ်ကူး အားလပ်ရက် ရက်သတ္တပတ် အတွင်း ယာဉ်မတော်တဆမှု ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၃၃ ဦး သေဆုံးခဲ့ကာ အခြား ၁၇၄ ဦး...
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၆ရက်(ဆင်ဟွာ) လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကြာကာလအတွင်း တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းလုံးအာရုံထားဂရုပြုရလောက်သည့် အောင်မြင်မှုများရရှိခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၊အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံပြနမူနာ ဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးနှင့်အစိုးရပြောရေးဆိုခွင့်ရှိသူKhieu Kanharithက ဆင်ဟွာ၏ ယခုရက်ပိုင်းများအတွင်း သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ဆစ်ဒနီ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ဩစတြေးလျ နိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် မုန်တိုင်း တိုက်ခတ်ခြင်းများ နှင့် အတူ တွားသွား တိရစ္ဆာန်များ အတွက် ပြီးပြည့်စုံသော အခြေအနေကို ဖန်တီး ပေးနေခဲ့ရာ ကမ္ဘာ့ အန္တရာယ် အရှိဆုံး ပင့်ကူများ မြေအောက်မှ...
မနီလာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ Taal မီးတောင်ပေါက်ကွဲမှုဒဏ်ခံစားခဲ့ရသည့် ဒေသခံများကို ကူညီထောက်ပံ့ရန် ယွမ် တစ်သန်း (အမေရိကန်ဒေါ်လာ ၁၄၄,၀၀၀ ခန့်) လှူဒါန်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ကိုလံဘို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ကမ်းခြေသန့်ရှင်းရန် ရည်ရွယ်၍ ကိုလံဘိုဆိပ်ကမ်းမြို့မှ စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” ကို ဇန်နဝါရီ ၄ ရက်က ကိုလံဘိုမြို့အနီးရှိ MOUNT LAVINIAကမ်းခြေတွင် စတင်ပြုလုပ်ရာ သီရိလင်္ကာနိုင်ငံ၏သက်ဆိုင်ရာ အစိုးရဌာနများ၊ ရဲတပ်ဖွဲ့နှင့်ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ဆိပ်ကမ်းမြို့ နှင့် ဒေသခံ...
ကပ်၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ဇန်နဝါရီ ၃ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုအတွင်းသေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်လာပြီဖြစ်ပြီး အခြားဒဏ်ရာရသူ ၂၃ ဦးရှိသည်ဟု ယင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။