နယူးဒေလီ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂၈,၄၉၈ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၅၅၃ ဦး ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Myagdiခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့သဲကျောက်မြေစီးဆင်းမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
စင်ကာပူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ အထွေထွေရွေးကောက်ပွဲ၌ လက်ရှိအာဏာရပါတီဖြစ်သော People’s Action Party (PAP) က လွှတ်တော်အမတ်နေရာ ၉၃ နေရာအနက် ၈၃ နေရာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ခံ Tan Meng Dui က က ဇူလိုင်...
ဆိုးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သက်တမ်းရင့် ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-soon) ၏ ဈာပနအခမ်းအနားကို ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြို့တော်အစိုးရက ဇူလိုင် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-soon) ပျောက်ဆုံးနေကြောင်း ၎င်း၏သမီးက ဇူလိုင် ၉ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် နာရီများစွာအကြာ သန်းခေါင်ယံဝန်းကျင်အချိန်၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အား ကိုးကား၍ ဒေသခံမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဆိုးလ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တောင်ကိုရီယားနိုင်ငံ ဆိုးလ် မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-Soon) သည် ထွက်ခွာသွားချင်ကြောင်းပြောကြားခဲ့ပြီးနောက် ယနေ့ (ဇူလိုင် ၉ ရက်) တွင် ပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့အား ကိုးကား၍ ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် မျှတမှု၊ အပေးအယူရှိမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှု စည်းမျဉ်းများအပေါ် အခြေခံထားခြင်းဖြစ်ပြီး ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ခြင်းဖြင့် ရှေ့ဆက်နည်းလမ်းတစ်ခုလည်း ဖြစ်ကြောင်း နိုင်ငံ ၈ နိုင်ငံမှ...
တိုကျို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ Kyushu ဒေသတွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် ၂၂:၀၀ နာရီအထိ သေဆုံးသူ ၅၉ ဦး ၊ နှလုံးခုန်ရပ်တန့်မှု ဖြစ်ပွားသူ ၄ ဦး နှင့်...
တိုကျို ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမတ်မိုတာ နှင့် ကာဂိုရှီမာ စီရင်စုများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း နှင့် ယနေ့ ဇူလိုင် ၅ ရက်တွင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ခတ္တန္ဒူ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်လာသော ကျိုင်းကောင်များ၏ ဖျက်ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။