နယူးဒေလီ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်အခြမ်းက ထိန်းချုပ်သော ကက်ရှ်မီးယား ဒေသ၌ ဇူလိုင် ၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၃ ဦးသေဆုံးပြီး အခြား လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ ဇွန် ၃၀ ရက် ပန်မွန်ဂျုံတွေ့ဆုံဆွေးနွေးပွဲမှာ အထူးကျေနပ်အားရဖွယ်ကောင်းကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးမှ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်တွန်းအားပေးလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)က ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
တိုကျို ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၌ အများပြည်သူသွားလာအသုံးပြုနေသော အဆောက်အဦ အခန်းများအတွင်း ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်တားမြစ်သည့် ဥပဒေတစ်ရပ်ကို ယနေ့ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဆိုးလ် ၊ ဇွန် ၃ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် တို့သည် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံရွာ(Panmunjom) ၌ ယနေ့ဇွန် ၃ဝ ရက်တွင် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြကြောင်း တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်ချက်တစ်ခုအရ သိရသည် ။(Xinhua)
အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ဆက်လက်ထောက်ခံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အကျိုးစီးပွားများ ပေါင်းစည်းခြင်းနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ မြင့်မားစွာရှိကြောင်းနှင့် ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ၏ ထောင်ချောက်များအတွင်းသို့ မကျရောက်သင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် တူညီမှုနှင့် အပြန်လှန်လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ဇွန်လ ၂၉ ရက်က သဘောတူလိုက်ကြောင်း...
အိုဆာကာ၊ ဂျပန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က Group of 20 (G20) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုအတွက် တွန်းအားရှာဖွေရန်၊ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တိုးတက်ရန်၊ တိုးတက်မှုအား တွန့်ဆုတ်စေမှုများအား ဖယ်ရှားရန်၊ မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ဇွန်လ ၂၉...
မနီလာ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလူးပြည်နယ်ရှိ တပ်စခန်းတစ်ခုအတွင်း ဇွန်လ ၂၈ ရက်ကဖြစ်ပွားခဲ့သော ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာရှစ်ဦး အထိရှိလာပြီဖြစ်ကြောင်း စစ်ဘက်အရာရှိတစ်ဦး က ဇွန်လ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးနှင့် ထိပ်တိုက်ရင်ဆိုင်မှုမှ ဆုံးရှုံးမှုများ ရရှိနိုင်သည်ဟူသော အခြေခံအချက်မှာ နိုင်ငံတကာအနေအထား ပြောင်းလဲမှုများရှိသော်လည်း မပြောင်းလဲဘဲ တည်ရှိကြောင်း ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။