တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်း ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုတွင် မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ဦးကျော်ရှိလာခဲ့ပြီး အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၁၈ရက်တွင် သတင်းရေးသားထားသည်။
မွမ်ဘိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အဦတစ်ခုပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိရှိလာခဲ့ကြောင်း၊ လူ ၈ ဦးအားကယ်ဆယ်နိုင်ခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း၊ အခြားသူ ၂ ဦးမှာ ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဘစ်ရှ်ကတ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon သည် ကာဂျစ်စတန် နိုင်ငံ ၊ မြို့တော် ဘစ်ရှ်ကတ်(Bishkek) သို့ တရားဝင် ခရီးစဉ် အဖြစ် ဇူလိုင် ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ဘက် ကျိုတိုမြို့ ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခု၏ မီးလောင်ကျွမ်းမှုတွင် လူအသေအပျောက်များပြီး လူ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဒေသခံသတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။
ဂျာကာတာ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် South Halmaheraဒေသတွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်ကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးပြီး အခြားလူ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား...
ဟနွိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဖူသိုပြည်နယ်ရှိ မြစ်တစ်စင်းတွင် ရေကူးနေကြသော လူငယ် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင်လ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်-အို-ချာ ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇူလိုင်လ ၁၆ ရက်တွင်ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) တောင်အာရှ တစ်ဝန်းရှိ လူဦးရေ ၆ သန်း နီးပါးသည် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီးနောက် ရေလွှမ်းမိုး မှုများဖြင့် ကြုံတွေ့ ခံစား နေရကြောင်း နှင့် အိန္ဒိယ နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် လူဦးရေ တစ်သန်းကျော် နေရပ်...
မွမ်ဘိုင်း ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ဇူလိုင် ၁၆ ရက်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုတွင် သေဆုံးသူ ၇ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ၊ လက်ရှိတွင် လူ ၈ ဦးကို ကယ်ထုတ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း နှင့် အပျက်အစီးပုံအတွင်း လူပေါင်း...
မွမ်ဘိုင်း ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ယနေ့ဇူလိုင် ၁၆ ရက်တွင် လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူပေါင်း ၅ဝ ကျော် အပျက်အစီးပုံအတွင်း ပိတ်မိနေကြောင်း BrihanMumbai မြူနီစီပယ်ကော်ပိုရေးရှင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။