နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရာဇဌာန်(Rajasthan)ပြည်နယ် Barmerဒေသတွင် ဇွန် ၂၃ ရက်က ရွေ့လျားနေအိမ်ပြိုကျမှုတစ်ခု ဖြစ်ပွား ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။
မနီလာ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားရာ ကလေးငယ် ၅ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဇွန်လ ၂၂ ရက်မှစ၍ တစ်နိုင်ငံလုံး အရေးပေါ်ကာလကို နောက်ထပ်တစ်လ တိုးမြင့်ကြောင်း သီရိလင်္ကာ သမ္မတ Maithripala Sirisenaက ယင်းနေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ထံမှ ပေးပို့လာသော ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ယနေ့ဇွန် ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဖနွမ်းပင်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက် Preah Sihanouk ပြည်နယ် တွင် ဆောက်လုပ်နေဆဲ ၇ထပ်အဆောက်အအုံတစ်လုံး ဇွန် ၂၂ ရက် အစောပိုင်းတွင် မတော်တဆပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ဘဂ္ဂဒက်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ဘက်ရှိ ရှီးအိုက်ဗလီတစ်ခုတွင် ဇွန်လ ၂၁ ရက်က ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အခြားလူ ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး အသေခံဗုံးခွဲမှုဟု အစောပိုင်းသတင်းများကိုမူ ငြင်းဆိုလိုက်ကြောင်း...
ဂျကာတာ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ စူမတ်တြားကျွန်းမြောက်ဘက် ဘင်ဂျိုင်မြို့၌ ဇွန်လ ၂၁ ရက်တွင် ဂတ်စ်မီးခြစ်စက်ရုံ မီးလောင်မှုကြောင့် သေဆုံးသူ ၃၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံရုပ်မြင်သံကြားဖော်ပြချက်အရ သိရသည်။
ဘန်ကောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက် ဘူရီရမ်ပြည်နယ်ရှိ လယ်သမားတစ်ဦးမှာ တောဆင်ရိုင်းတစ်ကောင်၏ တက်နင်းခြင်းနှင့် အစွယ်ဖြင့်ထိုးခြင်းကြောင့် သေဆုံးခဲ့ပြီး ၎င်း၏ဇနီးမှာလည်း သေဘေးမှသီသီလေး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပြည့်စုံအောင်မြင်သော အနာဂတ် တစ်ခု ဖွင့်လှစ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဘုံကြွယ်ဝချမ်းသာရေး တည်မြဲရေးအတွက် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
အစ္စလာမ်မာဘတ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်၏ Hyderabad မြို့အနီးတွင် ဇွန် ၂၀ ရက်တွင် ခရီးသည်တင် ရထား နှင့် ကုန်တင် ရထား တိုက်မိမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး...