ပြုံယမ်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ပြုံယမ်းမြို့တွင် ဇွန်လ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်က လူ ၂၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စင်း တူးမြောင်းအတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး ကလေး ၇ ဦးပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်တွင် ဇွန် ၂၀ ရက် နံနက်ပိုင်းက အင်အား ၆.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
တိုကျို၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Yamagata စီရင်စုအနီး ပင်လယ်ပြင်တွင် ဇွန် ၁၈ ရက်က အင်အား ၆.၇ အဆင့် ငလျင် လှုပ်ခတ်ခဲ့ရာ Niigata နှင့်Yamagata စီရင်စု၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။ အဆိုပါဒေသများတွင် နောက်ဆက်တွဲငလျင်နှင့် ငလျင်အပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်...
ဆိုးလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် မြောက်ကိုရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀,၀၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကိုရီးယားနှစ်နိုင်ငံရေးရာထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်သော တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ကင်ယုံချူလ် (Kim Yeon-Chul) က ဇွန်လ ၁၉ ရက်တွင် ပြုလုပ်သည့် ရုပ်သံသတင်းစာရှင်းပွဲ၌...
ကိုလံဘို၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) သီရိလကာၤနိုင်ငံက ၎င်း၏ပထမဆုံးဂြိုဟ်တုဖြစ်သော Raavana 1 အမည်ရှိသုတေသနဂြိုဟ်တုအား ဂျပန်နှင့်နီပေါ နိုင်ငံတို့မှအခြားဂြိုဟ်တုနှစ်လုံးနှင့်အတူ ဇွန်လ ၁၇ ရက်ညနေပိုင်းက နိုင်ငံတကာအာ ကာသစခန်းမှ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း နီပေါအစိုးရ ပြန်ကြားရေးဦးစီးဌာနက ဇွန်လ ၁၈ ရက်တွင်ကြေညာခဲ့သည်။
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သဖြင့် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသနပြုရာတွင် ပြည်နယ်အစိုးရအား ထောက်ပံ့ပေးရန် အိန္ဒိယအစိုးရက ပြည်နယ်အတွင်း မူဇက်ဖ်ဖာပါရ်ခရိုင်သို့ အဆင့်မြင့်ဘက်စုံထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့...
ဂျကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် ၂ဝ၂၁ ခုနှစ်တွင် မြို ့တော်သစ် တည်ဆောက်ရေး စီမံကိန်းစတင်ရန် ရည်ရွယ်ထားပြီး စီမံကိန်းနှင့်ဆက်စပ်သော ဘတ်ဂျက်ငွေရရှိရေးကို လာမည့် ၂ဝ၂ဝ ပြည့်နှစ် ဘတ်ဂျက်ထဲတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းဝန်ကြီးဌာန ဝန်ကြီး Bambang Brodjonegoro...
ဂျာကာတာ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် ဇွန် ၁၇ ရက်က ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအရာရှိတစ်ဦးက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့ သည်။
ကုလသမဂ္ဂ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ၂၀၅၀ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် လက်ရှိ ၇.၇ ဘီလီယံရှိရာမှ ၉.၇ ဘီလီယံ သို့တိုးလာမည်ဖြစ်ပြီး နောက် နှစ်ပေါင်း ၃၀အတွင်း ၂ ဘီလီယံ တိုးတက်လာရန် မျှော်လင့်ကြောင်း ဇွန် ၁၇ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာ အရ...