မွန်ဘိုင်း ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ၊ Raigad ခရိုင်ရှိ မွန်ဘိုင်းမြို့မှ ၇၉ ကီလိုမီတာ ကွာဝေးသော Gagode လမ်းဆုံတွင် သြဂုတ် ၁၁ ရက်က ခရီးသည်တင် ဘတ်စ်ကား တစ်စီး နှင့်...
ပြုံယမ်း ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနှင့် အမေရိကန် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မရပ်တန့်ပါက တောင်-မြောက် နှစ်နိုင်ငံဆက်ဆံရေးခက်ခဲမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန် ရေးရာ အရာရှိ Kwon Jong Gunက ယနေ့ သြဂုတ် ၁၁ ရက်တွင် ပြောကြားလိုက်သည်။
မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ(Kerala)ပြည်နယ် နှင့် ကာနာတာကာ(Karnataka)ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ အနည်းဆုံး လူ ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ သြဂုတ် ၁၀ ရက် သတင်းများ အရ သိရသည်။
မနီလာ၊ သြဂုတ်လ ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အော်စကာ အယ်လ်ဘာရာလ်ဒီ(Oscar Albayalde) က ဖိလစ်ပိုင်နိုင်ငံတွင်တရားမဝင်မူးယစ်ဆေးဝါးများကို အစိုးရကကောင်းစွာထိန်းချုပ်နိုင်ခြင်းနှင့်အတူ နိုင်ငံအတွင်း ရာဇဝတ်မှုဖြစ်ပွားမှုများကလွန်ခဲ့သည့်နှစ်များအတွင်းကျဆင်းလာသည်ဟု သြဂုတ်လ ၉ ရက်က ၁၁၈ ကြိမ်မြောက်ဖိလစ်ပိုင်ရဲတပ်ဖွဲ့အခမ်းအနားတွင်မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊သြဂုတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) ထံမှ “စိတ်ကျေနပ်ဖွယ်ကောင်းသော” စာတစ်စောင် သြဂုတ်လ လက်ခံရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံလေတပ်မှ SU-30 တိုက်လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ဘက် အာသံပြည်နယ်အတွင်း သြဂုတ်လ ၈ ရက် ညပိုင်းက ပျက်ကျခဲ့ကြောင်း အိန္ဒိယလေတပ်က အတည်ပြုပြောကြားခဲ့သည်။
မနီလာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တွင် အမေရိကန်နိုင်ငံက ဒုံးကျည်များချထားခြင်းကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ကပြောကြားခဲ့သည်။
ဒါကာ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၂၃ ဦးထိ မြင့်တက်လာကြောင်း ကျန်းမာရေးလုပ်ငန်းများညွှန်ကြားရေးမှူးချုပ်ရုံး(DGHS) က သြဂုတ် ၆ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
မနီလာ၊သြဂုတ် ၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက် သိသာထင်ရှားစွာ တိုးမြင့်လာရာ တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေအဖြစ် ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။
ပြုံယမ်း ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း က သြဂုတ်လ ၆ ရက် နံနက်ပိုင်း အချိန်တွင် စစ်ရေး နည်းဗျူဟာမြောက် ဒုံးကျည် အမျိုးအစားသစ် ပစ်လွှတ်မှု ကို သွားရောက် ကြည့်ရှု ခဲ့ပြီး...