နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမိုးလေဝသဌာန(IMD) က အိန္ဒိယနိုင်ငံမြောက်ပိုင်း အထူးသဖြင့် အူထရာပရာဒတ်ရှ် ၊ ဟာယနာ ၊ ဒေလီ စသည့်ပြည်နယ်များ နှင့် ချန်ဒီဂရပ် ဒေသများတွင် အပူလှိုင်းကျရောက်သည့် အန္တရာယ်ကို သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Sahiwal ခရိုင်အတွင်းရှိ အစိုးရဆေးရုံတစ်ခုတွင် မြင့်မားသောအပူချိန်အောက်တွင် လေအေးပေးစနစ် AC ချွတ်ယွင်းမှုကြောင့် ၂၄ နာရီအတွင်း မွေးကင်းစ ကလေးငယ် ၈ ဦးသေဆုံးသွားကြောင်း ဒေသတွင်းမီဒီယာ နှင့် တာဝန်ရှိသူများက ဇွန် ၂...
ဘန်ကောက်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ဇွန်လ ၅ ရက်တွင် ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရန်ရှိကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ချွန်လိခ်ပိုင် (Chuan Leekpai) က မေလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။
ပို့သ်ကလန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သော ပို့သ်ကလန် တွင် ရေကြောင်းမှ တစ်ဆင့် ကုန်သေတ္တာများဖြင့် ပလပ်စတစ် နှင့် စွန့်ပစ်ပစ္စည်းများ ရောက်ရှိလျက်ရှိကြောင်း၊ ၎င်းတို့တင်ပို့ခဲ့သော အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ကနေဒါ နှင့် ဂျပန် နိုင်ငံများသို့ မလေးရှားနိုင်ငံအစိုးရအနေဖြင့် စွန့်ပစ်ပစ္စည်းများအားပြန်လည်ပို့မည်ဖြစ်ကြောင်း၊...
ပို့မော်ရက်စ်ဘီ ၊ မေ ၃၀ ရက်(ဆင်ဟွာ) ပါပူဝါ နယူးဂီနီ နိုင်ငံ၏ ဝန်ကြီးချုပ်သစ် အဖြစ် James Marape ကို မေ ၃၀ ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။
တိုကျို ၊ မေ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတိုကျိုမြို့အနီး၌ ယနေ့(မေ ၂၈ ရက်) နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးက ဓါးကိုင် ရမ်းကားတိုက်ခိုက်မှုပြုလုပ်သဖြင့် ကျောင်းသူ ၁၃ ဦးထိခိုက်ဒဏ်ရာရရခဲ့ပြီး ယင်းတို့အနက် တစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
နယူးဒေလီ၊ မေ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovindက လက်ရှိဝန်ကြီးချုပ် နာရန်ဒြာ မိုဒီအား ဒုတိယသက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အတည်ပြုကြောင်း မေ ၂၅ ရက်က ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းရန် အမိန့်ပေးခဲ့ကြောင်း...
ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်သည် မေလ ၂၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာနှင့် ချော်ရည်ပူများ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာထိ မှုတ်ထုတ်နေခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောခဲ့သည်။
တိုကျို၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်တစ်ခု မေလ ၂၅ ရက်က လှုပ်ရှားသွားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။
နယူးဒေလီ၊ မေ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မီးလောင်မှုကြီးဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း အဆင့်မြင့် မီးသတ်အရာရှိတစ်ဦးက မေလ ၂၄ ရက်တွင် ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။