Asia
အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်

ဂျကာတာ ၊ မေ ၁၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို အကြမ်းဖက်သမားများက ယနေ့(မေလ ၁၆ ရက်)တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်အတွင်း အကြမ်းဖက်သမား သုံးဦးသေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Muhammad Iqbal က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၈ ဦးပါဝင်ကြောင်း ၊ ၎င်းတို့အနက် လေးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် သုံးဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက Beritasatu ရုပ်သံသတင်းဌာနသို့ပြောကြားခဲ့သည်။
ထွက်ပြေးသွားသော အကြမ်းဖက်သမားများနောက်ကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။(Xinhua)