Asia
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း shopping mall တစ်ခုတွင် ဗုံးပေါက်ကွဲဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ
မနီလာ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Mindanaoဒေသ Cotabatoမြို့ရှိ shopping mall တစ်ခု၏ဝင်ပေါက်တွင် ဒီဇင်ဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ၁၄ နာရီခန့်က Cotabatoမြို့ မြို့လယ်ရှိ shopping mall တစ်ခု၏ဝင်ပေါက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုဖြစ်ပွားစဉ် shopping mall အတွင်း ဈေးဝယ်သူများ ၊နှစ်သစ်ကူးပျော်ရွှင်ပွဲဆင်နွှဲနေသူများနှင့် ပြည့်နှက်လျက်ရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လက်ရှိ အချိန်ထိ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂ ဦး ၊ ဒဏ်ရာရသူ ၂၁ ဦး ရှိပြီဖြစ်ကြောင်း Mindanao အခြေစိုက် ဖိလစ်ပိုင် အမှတ် ၆ တပ်မ၏ တပ်မမှူး Sobejanaက ပြောကြားချက်အရ သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
စစ်တပ်နှင့်ရဲဘက်ဆိုင်ရာ၏ကနဦး စုံစမ်းစစ်ဆေးချက်များအရ အမျိုးသားတစ်ဦးက အချင်းဖြစ်နေရာ shopping mall၏ ဝင်ပေါက်ရောက်လာပြီး အထုပ်တစ်ထုပ်ချထားခဲ့ကြောင်း ၊ ၎င်းအမျိုးသား ထွက်ခွာသွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံနေရေးတပ်ဖွဲ့ဝင်များက အချင်းဖြစ်နေရာကို ချက်ချင်းသွားရောက်ပြီး ပိတ်ဆို့ရှင်းလင်းမှုများ ပြုလုပ်ရာ ဗုံးရှင်းလင်းရေးအဖွဲ့က အချင်းဖြစ်နေရာမှာ အခြား မပေါက်ကွဲသေး သည့် ဗုံးတစ်လုံးကို တွေ့ရှိရကြောင်း ၊ ယင်းတိုက်ခိုက်မှုမှာ အစွန်းရောက်လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း တပ်မမှူး Sobejanaက ဆိုသည်။
လက်ရှိတွင် အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ မည်သည့်သူကမျှ ဝန်ခံထုတ်ပြန်ကြေညာခြင်းမရှိသေး ကြောင်းနှင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Mindanao ဒေသသည် အကြမ်းဖက်အစွန်းရောက်အဖွဲ့အစည်းများ လှုပ်ရှားနေသည့်နေရာဖြစ်ရာ ယခုနှစ်ပိုင်းများတွင် လက်နက်ကိုင်ပဋိပက္ခများ ၊အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)