Connect with us

Asia

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Vajpayee ကွယ်လွန်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee သည် သြဂုတ် ၁၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းတက်ရောက်ခဲ့သည့် ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

Vajpayee သည် အိန္ဒိယနိုင်ငံ ရှိ အဓိက ပါတီကြီးတစ်ခုဖြစ်သော BJP ပါတီ မှ ပါတီဝင်တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန် ၌ အသက် ၉၃နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ သည် Vajpayee ၏ ကျန်းမားရေးအကြောင်းမေးမြန်းရန် ဆေးရုံသို့ သြဂုတ် ၁၅ရက်တွင် ပုဂ္ဂိုလ်ရေးအရ လာရောက်ခဲ့ကြောင်း သိရသည်။

Vajpayee သည် ကျောက်ကပ်ပိုးဝင်မှု နှင့် အသက်ရှူကြပ်မှု ဝေဒနာများကြောင့် ဒေလီမြို့ရှိ AIIMS ဆေးရုံသို့ လွန်ခဲ့သည့် ၉ပတ်ကတည်းက တက်ရောက်နေရခြင်းဖြစ်ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။

Vajpayee သည် အိန္ဒိယဝန်ကြီးချုပ်အဖြစ် ၃ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ဝန်ကြီးချုပ် သက်တမ်း ၁၃ရက်တည်းဖြင့် တစ်ကြိမ်၊ ထို့နောက် ၁၉၉၈ခုနှစ် မတ်လ မှ ၂၀၀၄ခုနှစ် မေလ အတွင်း ဝန်ကြီးချုပ်အဖြစ် ၂ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းအနက် ပထမအကြိမ်တွင် ဝန်ကြီးချုပ်အဖြစ် ၁၃လ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည် ၂၀၀၃ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)