Connect with us

Australia / Oceania

ပါပူဝါနယူးဂီနီ နိုင်ငံ အလယ်ပိုင်း ဒေသတွင် ဖြစ်ပွား ခဲ့သည့် အင်အား ၆.၇ အဆင့်ရှိ ငလျင် ကြောင့် လက်ရှိချိန်တွင် လူပေါင်း ၁၈ ဦး သေဆုံး

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ၌ ပါပူဝါနယူးဂီနီ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ၇.၅ အဆင့်ရှိ ငလျင်ကြောင့် တောင်ပြိုမှု ဖြစ်ပွား သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ မတ်လ ၇ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီ နိုင်ငံ အလယ်ပိုင်း ဒေသ၌ မတ်လ ၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့သည့် အင်အား ၆.၇ အဆင့်ရှိ ငလျင် ကြောင့် လက်ရှိချိန်တွင် လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက်အရ မတ်လ ၇ ရက်နေ့ ဒေသစံတော်ချိန် ၀ နာရီ ၁၃ မိနစ် ၀၆ စက္ကာန့် အချိန်တွင် ပါပူဝါနယူးဂီနီ နိုင်ငံ အလယ်ပိုင်း Porgera ဒေသ အနောက်တောင်ပိုင်း ၁၁၂ ကီလိုမီတာ အကွာအဝေး ခန့်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၃၅ မိနစ် အချိန်ထိ ငလျင် ၃ ကြိမ် ဆက်လက် ဖြစ်ပွား ခဲ့ရာ အင်အား ၅.၁ ၊ ၅.၂ နှင့် ၅.၂ အသီးသီး ရှိခဲ့ကြောင်း သိရှိရသည်။ပစိဖိတ် ဒေသ ဆူနာမီ သတိပေး စင်တာ အနေဖြင့် မတ်လ ၇ ရက်နေ့ ၌ ပါပူဝါနယူးဂီနီ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆိုနာမီ သတိပေး ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရှိရသည်။ပါပူဝါနယူးဂီနီ နိုင်ငံ သည် ငလျင်ကျော ပေါ်တွင် တည်ရှိနေပြီး ပစိဖိတ် ဒေသ မီးတောင်လှုပ်ရှားရာ ဒေသတွင် တည်ရှိနေသောကြောင့် မကြာခဏ ငလျင် ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)