Connect with us

Australia / Oceania

သြစတြေးလျတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျမှုကြောင့် လူ ၂ ဦး သေဆုံး၊ လူ ၃ ဦး ဒဏ်ရာရရှိ

ရေပြင်ပေါ်တွင် ရဟတ်ယာဉ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ ၊ မတ်လ ၂၂ ရက်(ဆင်ဟွာ)

လူ ၅ ဦး တင်ဆောင်လာသော ရဟတ်ယာဉ် တစ်စီး မတ်လ ၂၁ရက်နေ့ညနေက သြစတြေးလျ ကွင်းစ်လန်ပြည်နယ်ရှိ Hardy Reefတွင် ပျက်ကျခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့၏ သတင်းများအရ သိရှိရသည်။

ရဟတ်ယာဉ်တစ်စီး ၃ နာရီ ၃၅ မိနစ်ခန့်က ဝှီးတ်ဆန်းဒေကျွန်း အရှေ့မြောက်ဘက် ၆၅ ကီလီမီတာ အကွာ တွင် ပျက်ကျခဲ့ကြောင်း ၎င်းဒေသရှိ အရေးပေါ်ဝန်ဆောင်မှုဌာနက မတ်လ ၂၁ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် သတင်းရရှိခဲ့သည်။ လေယာဉ်ပျက်ကျရာတွင် အသက် ၇၉ နှစ်အရွယ် အမေရိကန်ခရီးသွား အမျိုးသားတစ်ဦး ၊ အသက် ၆၅ နှစ်အရွယ် အမေရိကန် ခရီးသွား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေယာဉ်မောင်းနှင်သူ အမျိုးသားတစ်ဦးနှင့်ကျန်ခရီးသွားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာသူ ၃ ဦး အား နီးစပ်ရာ ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သြစတြေးလျ သယ်ယူပို့ဆောင်မှုလုံခြုံရေးဌာနနှင့်အတူ ပျက်ကျသော လေယာဉ်အပိုင်းအစ ဆယ်ယူမှုများလုပ်ဆောင်နေပြီး လေယာဉ်ပျက်ကျမှုနှင့်စပ်လျဉ်း၍ စုံးစမ်းစစ်ဆေးနေသည်ဟုဆိုသည်။ (Xinhua)