Australia / Oceania
ပါပူအာ နယူးဂီနီ နိုင်ငံ အနီးရှိ ပင်လယ်ပြင် တွင် အင်အားရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိသည့် ငလျင် တစ်ခု လှုပ်ခတ်

ဆစ်ဒနီ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ က စက်တင်ဘာ ၂၆ ရက်နေ့၌ ပါပူအာ နယူးဂီနီ နိုင်ငံ အနီးရှိ ပင်လယ်ပြင် တွင် အင်အားရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိသည့် ငလျင် တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက်တွင် ပေကျင့်စံတော်ချိန် ၂၆ ရက်နေ့ ၄ နာရီ ၂၉ မိနစ် အချိန်တွင် ပါပူအာ နယူးဂီနီ နိုင်ငံ တောင်ပိုင် ၁၉၃ ကီလိုမီတာ တွင် အင်အားရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိသည့် ငလျင် တစ်ခု ဖြစ်ပွား ခဲ့ပြီး မြေအောက် အနက် ၅.၇ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်သွားခဲ့ကြောင်း ပါဝင်ခဲ့သည်။
ငလျင် ဖြစ်ပွား ပြီးနောက်တွင် ပစိဖိတ် ဆိုနာမီ သတိပေး စင်တာ မှ ဆိုနာမီ သတိပေး ကြေညာချက် ထုတ်ပြန်ခြင်းမရှိပေး။ ပါပူအာ နယူးဂီနီ နိုင်ငံ မှာ ပစိဖိတ် ဒေသ ၏ မီးတောင်များ လှုပ်ရှားရာဒေသတွင် တည်ရှိသဖြင့် မကြာခဏ ငလျင် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။(Xinhua)