Connect with us

Australia / Oceania

နယူးဇီလန် ကမ်းလွန်၌ ပြင်းအား ၅.၈အဆင့်ရှိ ငလျင်လှုပ်ခတ်

နယူးဇီလန်နိုင်ငံ၌ ငလျင်လှုပ်ခတ်သွားသော နေရာပြမြေပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝဲလ်လင်တန် ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ တောင်ပိုင်းပင်လယ်ကမ်းခြေမှ ကီလိုမီတာ တစ်ရာကျော်အကွာခန့်တွင် ယနေ့ စက်တင်ဘာလ ၂ဝ ရက်တွင် ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ၊ နိုင်ငံ တောင်ပိုင်းကျွန်းစုမြို့တစ်ခုဖြစ်သော Invercargill မြို့အနီးပတ်ဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ ငလျင်တိုင်းတာရေးဌာန(Geonet) အဆိုအရ ၎င်းငလျင်သည် ဒေသစံတော်ချိန် ၁၃.၄၃ နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း Invercargill မြို့၏ အနောက်တောင်ဘက် ၅၈၅ ကီလိုမီတာအကွာရှိ ပင်လယ်ရေအောက် အနက်၁၂ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ကနဦးတိုင်းတာချက်အရ ၎င်းငလျင်မှာ ပြင်းအား ၆.၁ အဆင့်ရှိကြောင်း ၊ သို့သော် ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း ဖော်ပြထားသည်။တောင်ပိုင်းကျွန်းစုရှိ နေရာအနှံ့အပြားတွင် ငလျင်ဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.