Australia / Oceania
နယူးကယ်လီဒိုးနီးယားရှိ Tadine အပြင်ဘက်၌ အင်အား ၇.၃ ရှိသော ငလျင်လှုပ်ခတ်
နယူးယောက်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ ပြင်သစ်နိုင်ငံပိုင် နယူးကယ်လီဒိုးနီးယားကျွန်းစုအတွင်းရှိ Tadine ကျွန်း၏ အရှေ့မြောက်ဘက်၌ ရစ်ချ်တာစကေး ၇.၃ ရှိသော အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) က နိုဝင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ယင်း ငလျင်သည် ကနဦး တိုင်းတာချက်အရ တောင်လတ္တီကျု ၂၁.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၆၈.၅ ဒီဂရီအား ဗဟိုပြုကာ မြေအောက် ၂၅ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)