Connect with us

Australia / Oceania

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ သတိပေးရန် အသံချဲ့စက်များ တပ်ဆင်မည်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ တပ်ဆင်ထားသည့် အသံချဲ့စက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ တွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေးနိုင်ရန် အဓိကကျသည့် လုံခြုံရေးအဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် မဲလ်ဘုန်းမြို့၌ ဒီဇင်ဘာ ၁၁ ရက်တွင် အသံချဲ့စက်များစွာ တပ်ဆင်နေကြောင်း သိရသည်။

ယင်းလုပ်ဆောင်ချက်အသစ်များသည် ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး ပြန်လည်သုံးသပ်မှု၏ ရလဒ်များဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၇.၅သန်း တန်ဖိုးရှိ အစပျိုးဖော်ဆောင်မှုတွင် မြို့၏ ဗဟိုစီးပွားရေးနေရာတွင် စောင့်ကြည့်ရေးကင်မရာများ ထပ်မံတပ်ဆင်ခြင်း အပါအဝင် လမ်းသွားလမ်းလာများပြားသည့် နေရာများသို့ ကားများ ဝင်ရောက်လာခြင်းမှကာကွယ်ရန် ပလက်ဖောင်းအတားအဆီးများ တည်ဆောက်ခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဝိတိုရိယပြည်နယ် ယာယီရဲမှူးကြီး Shane Patton က “ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပွားတဲ့အခါ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု (သို့) အခြားလူသေဆုံးမှုများပြားတဲ့ ဖြစ်ရပ်တစ်ခု (သို့) အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တစ်ခု လားဆိုတာကို အသံချဲ့စက်တွေကနေ ပြည်သူလူထုကို သတိပေးအကြောင်းကြားပေးသွားမှာဖြစ်ပါတယ်” ဟု မီဒီယာသို့ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က နှစ်သစ်ကူးပွဲတော်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယင်းသတိပေးစနစ်၏ ပထမဆုံးစမ်းသပ်လုပ်ဆောင်မှုကို ဒီဇင်ဘာ ၂၈ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.