Connect with us

Eastern Europe

ရုရှားနိုင်ငံက ဒုံးကျည်သစ်များ ၊ မြေပြင်ပစ်ဒုံးကျည်များ နှင့် အသံထက်မြန်သောဒုံးကျည်များ၏ ပစ်ခတ်နိုင်သောအကွာအဝေးကို တိုးမြှင့်မည်ဟု ဆို

ရုရှားနိုင်ငံ၏ တာဝေးပစ် ဒုံးကျည်များကိုတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် ၎င်း၏ Kalibr တာဝေးပစ်ဒုံးကျည်များ နှင့် တာဝေးပစ် အသံထက်မြန်သော ဒုံးကျည်များအတွက် မြေပြင်အခြေစိုက် ပစ်စင်များ၏ ပစ်ခတ်နိုင်သော အကွာအဝေးပိုမို လာစေရန် ပစ်ခတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Sergei Shoigu က ဖေဖော်ဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။

“ ဒီနေ့အချိန်အခါမှာ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေး တိုးမြှင့်ဖို့က အရေးကြီးပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးတွင် Shoigu က ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသူသတင်းအရင်းအမြစ်က ဆိုသည်။

၂ဝ၁၉ – ၂ဝ၂ဝ ခုနှစ်တွင် ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံတွင် ၎င်းတို့ကိုယ်တိုင်အသုံးပြုနေသော ရေပြင်မှ ပစ်ခတ်ရသည့် Kalibr တာဝေးပစ်ဒုံးခရုခ်ဒုံးကျည်ကို မြေပြင်မှ ပစ်ခတ်နိုင်ရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း နှင့် အသံထက်မြန်သောတာဝေးပစ်ဒုံးပျံများနှင့်အတူ မြေပြင်အခြေစိုက်ဒုံးကျည်စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အစီအစဉ်သည် အမေရိကန်နိုင်ငံက နျူကလီးယားထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များသဘောတူညီချက်မှ နှုတ်ထွက်ခဲ့သည်ကို လက်တုံ့ပြန်ရန်အတွက်ဖြစ်ကြောင်း နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တန်ပြန်လုပ်ဆောင်မှု ပြုလုပ်ရန် အမိန့်ပေးခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဖြစ်ကြောင်း Shoigu က ဆိုသည်။

Shoigu ၏ပြောကြားချက်အရ ရေပြင် နှင့် ဝေဟင်မှပစ်ခတ်ရသည့် ဒုံးကျည်များကို မြေပြင်အခြေစိုက်ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ်များအဖြစ် ထုတ်လုပ်မှု အချိန်ကုန်သက်သာစေခြင်း နှင့် ကုန်ကျစရိတ် လျှော့ချခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.