Connect with us

Eastern Europe

ရုရှားနိုင်ငံက ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံအတွက် ဒေါ်လာ သန်း ၃၂ဝ အသုံးပြုမည်

ရုရှားနိုင်ငံမော်စကိုမြို့ တွင် လည်ပတ်နေသော ကမ္ဘာလှည့်ခရီးသွားများအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအစိုးရက လာမည့် သုံးနှစ်အတွင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန် ရူဗယ် ၂၁ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၃၂ဝ ) အသုံးပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ ဒေသ ၂၂ ခုတွင် ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၂၄ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း နိုင်ငံပိုင်းဝက်ဘ်ဆိုက် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော ကြေညာချက်တစ်စောင်အရ သိရသည်။

အလားတူ ထုတ်ပြန်ချက်တစ်စောင်အရ အဆိုပါစီမံကိန်းများအတွက် ယခုနှစ်တွင် ဒေါ်လာ ၈၃ သန်း လက်ခံရရှိမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ၇၆ သန်း နှင့် ၂ဝ၂၁ ခုနှစ်တွင် ၁၆၁ သန်းအသီးသီး ရရှိမည်ဖြစ်ကြောင်း သိရသည်။

အစိုးရ၏ တည်ဆောက်ရေးအစီအစဉ်များထဲတွင် ဟိုတယ်များ ၊ အားလက်ရပ်အပန်းဖြေနေရာများ နှင့် ကော်ဖီဆိုင်များ ပါဝင်ကြောင်း ရုရှားနိုင်ငံဝန်ကြီးချုပ်ဒီမီထရီမက်ဗီဒက်၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဆိုသည်။

ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် လက်ရှိအသုံးပြုနေသော အဆောက်အအုံများကို ပြုပြင်ရန်နှင့် ခရီးသည်များအတွက် သွားလာရေးအဆင်ပြေလွယ်ကူစေရေး ချိတ်ဆက်ဆောင်ရွက်သွားရန် အစီအစဉ်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.