Eastern Europe
ရုရှားရဲတပ်ဖွဲ့ကအကြမ်းဖက်သမား ၂ ဦးကို ပစ်ခတ် ရှင်းလင်း
မော်စကို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံရဲတပ်ဖွဲ့က မြောက်ကော့ကေးဆပ်ဒေသ Kabardino-Balkaria ပြည်နယ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ နှစ်ဦးကို အသေပစ်သတ်ခဲ့ကြောင်း ရုရှားအမျိုးသား အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဧပြီ ၃ ရက် နံနက်အစောပိုင်းက ရဲအရာရှိများသည် အကြမ်းဖက်သမားများ လိုက်ပါလာသည်ဟု ယုံကြည်ရသည့် ကားတစ်စီးကို ရပ်တန့်ရန်ကြိုးပမ်းခဲ့သော်လည်း ကားပေါ်မှ မောင်းပြန်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခြင်းကို ကြုံတွေ့ခဲ့ရကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား နှစ်ဦးသေဆုံးသွားခဲ့ကြောင်း နှင့် ၎င်းတို့သည် အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသူများဟု ယုံကြည်ရကြောင်း ကော်မတီက ဆိုသည်။ အချင်းဖြစ်မှုကြောင့် အရပ်သား(သို့မဟုတ်) ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှု မရှိကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားများ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် မြေအောက် လျှို့ဝှက်ပုန်းခိုကျင်းတစ်ခုကိုလည်း တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။(Xinhua)