Connect with us

Eastern Europe

၂ဝ၁၈ ခုနှစ်တွင် ရုရှားသမ္မတပူတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၄,၄ဝဝ ရရှိခဲ့

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ၂ဝ၁၈ ခုနှစ်တွင် ဝင်ငွေ ရုရှားရူဗယ် ၈.၆၄၈ သန်း (အမေရိကန်ဒေါ်လာ ၁၃၄,၄ဝဝ) ရရှိခဲ့ကြောင်း ၊ ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၎င်း၏ ဝင်ငွေကြေညာချက်တွင် ဖော်ပြထားရာ ယင်းမှာ ၂ဝ၁၇ ခုနှစ်တွင် ရရှိခဲ့သည့် ဝင်ငွေ ရူဗယ် ၁၈.၇ သန်းထက် များစွာ လျော့နည်းခဲ့ကြောင်း သိရသည်။

ပူတင်သည် ၇၇ စတုရန်းမီတာကျယ်ဝန်းသည့် အိမ်ခန်းတစ်လုံး နှင့် ၁၈ စတုရန်းမီတာကျယ်ဝန်းသည့် ကားဂိုဒေါင်တစ်လုံးကို ပိုင်ဆိုင်ကြောင်း ကရင်မလင်နန်းတော်ဝက်ဆိုက်တွင်ဖော်ပြထားသည့် ၎င်း၏ဝင်ငွေကြေညာချက်အရ သိရသည်။

ရုရှားသမ္မတသည် လက်ရှိအသုံးပြုဆဲ ၁၅၃.၇ စတုရန်းမီတာကျယ်ဝန်းသည့် လူနေအိမ်ခန်းတစ်လုံး နှင့် ၁၈ စတုရန်းမီတာကျယ်ဝန်းသည့် ကားပါကင်တစ်ခုကိုလည်းပိုင်ဆိုင် ထားကြောင်း သိရသည်။အဆိုပါ ပိုင်ဆိုင်မှုအားလုံးမှာ ရုရှားနိုင်ငံပြည်တွင်း၌ တည်ရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

ပူတင်တွင် မော်တော်ကားသုံးစီး နှင့် ဝန်တင်ယာဉ်တစ်စီးလည်း ပိုင်ဆိုင်ထားသည်။

၎င်း၏ဝင်ငွေထုတ်ပြန်ကြေညာချက်အရ ပူတင်သည် ၂ဝ၁၅ ခုနှစ်တွင် ရူဗယ် ၈.၈၆ သန်း နှင့် ၂ဝ၁၄ ခုနှစ်တွင် ၇.၅၆ သန်း အသီးသီး ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

သီးခြားထုတ်ပြန်သည့် ဝင်ငွေကြေညာချက်တစ်စောင်တွင် ရုရှားနိုင်ငံဝန်ကြီးချုပ်ဒီမီထရီမက်ဗီဒက်သည် ၂ဝ၁၈ ခုနှစ်တွင် ဝင်ငွေ ရူဗယ် ၉.၉၁၇ သန်း ရရှိခဲ့ရာ ၂ဝ၁၇ ခုနှစ်ကတွင် ရရှိခဲ့သော ၈.၅၆၅ သန်းထက် ပိုမို ရရှိခဲ့ကြောင်း သိရသည်။( အမေရိကန် ၁ ဒေါ်လာ = ရုရှား ၆၄.၃၅ ရူဗယ်) (Xinhua)