Connect with us

Eastern Europe

ရုရှားသမ္မတ ပူတင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော စိန့်ပီတာစဘာ့ခ် မြေအောက်ဘူတာရုံ၌ လွမ်းသူ့ပန်းခွေ ချ

အကြမ်းဖက်တိုက်ခိုက်ခံရသော စိန့် ပီတာစဘာ့ခ် ဘူတာရုံ၌ လွမ်းသူ့ ပန်းခွေချနေသော ရုရှားသမ္မတဗလာတီမာပူတင် အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စိန့်ပီတာစဘာ့ခ် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း၌ ဧပြီလ ၃ ရက်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း အသက်သေဆုံးသွားကြသူများအတွက် လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။

သမ္မတပူတင်သည် Technologichesky သိပ္ပံ ဘူတာရုံသို့ရောက်ရှိလာပြီး ပန်းခွေများ ချကာ အသက်သေဆုံးသွားသူများ၏ မိသားစုဝင်များအတွက် ၎င်း၏ စာနာထောက်ထားမှုကို ဖော်ပြခဲ့သည်။

ဧပြီလ ၃ ရက်က Technologichesky သိပ္ပံဘူတာရုံ နှင့် Sennaya Ploschad ဘူတာရုံအကြားရှိ စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်းပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၁ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၅၀ ဦး ရှိ ကြောင်း ရုရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Veronika Skvortsova က သတင်းသမားများအားပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အနည်းဆုံး လူပေါင်း ၁ဝ ဦးကျော်သေဆုံးခဲ့ရသည့် ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ် အကြမ်းဖက်တိုက်ခိုက်ခံရခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် သေဆုံးသွားရသူများ နှင့် မိသားစုဝင်များအတွက် အလွန်အမင်းကြေကွဲရကြောင်း နှင့် စာနာမိပါကြောင်း ဖော်ပြထားပြီး ရုရှားနိုင်ငံ အစိုးရ နှင့် ပြည်သူများအတွက်လည်း ကြေကွဲရပါကြောင်း ထည့်သွင်းရေးသားထားသည်။

ထို့ပြင် လုံခြုံရေးကောင်စီကအဖွဲ့ဝင်များက တိုက်ခိုက်မှုကျူးလွန်ခဲ့သူများအနေဖြင့် ပွင့်လင်းမြင်သာစွာ တာဝန်ခံသင့်ကြောင်း နှင့် နိုင်ငံအားလုံးအနေဖြင့် ရုရှားနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.