Connect with us

Eastern Europe

ရုရှားစစ်အင်အားကို ၁.၉ သန်းအထိ ရောက်ရှိစေရန် သမ္မတပူတင် အမိန့်ပေးထား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျရောက်သော ၉၉ နှစ်မြောက် တပ်နီတော်နေ့ ၌ မိန့် ခွန်းပြောကြားနေသော ရုရှားနိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင် Gennady Zyuganov အားတွေ့ ရစဉ် (ဆင်ဟွာ/AFP)

မော်စကို ၊ မတ် ၃ဝ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က တိုင်းပြည်၏ စစ်အင်အားကို ၁.၉ သန်းအထိ ရောက်ရှိစေရန် လာမည့် ဇူလိုင်လမှ စတင်ကာ တပ်သားသစ် ၁၈ဝဝဝ ထပ်မံဖြည့်တင်းသွားရန် အမိန့်ပေးထားကြောင်း မတ်လ ၂၉ ရက်က ထုတ်လွှင့်ခဲ့သော ရုရှားအစိုးရတရားဝင် အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

“ ရုရှားနိုင်ငံရဲ့ စစ်အင်အားကို ၂ဝ၁၇ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ၁,၀၁၃,၆၂၈ ဦး အပါအဝင် စုစုပေါင်း အရေအတွက် ၁,၉၀၃,၀၅၁ ဦးအထိ ရောက်ရှိဖို့ရည်မှန်းထားပါတယ်” ဟု အမိန့်ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

တာဝန်ထမ်းဆောင်ဆဲ စစ်အင်အား ၁ သန်း ကို ၁,၈၈၅,၃၇၁ ဦးအထိ တိုးချဲ့နိုင်ရန် ၂ဝ၁၆ ခုနှစ် ဇွန်လကတည်းက သမ္မတ အမိန့်ဒီဂရီ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ရုရှားနိုင်ငံတွင် တပ်တွင်းတာဝန်ထမ်းဆောင်နေဆဲ စစ်မှုထမ်းများနှင့်အတူ အရပ်သားအရာရှိများလည်း ပါဝင် တာဝန်ထမ်းဆောင်လျက်ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.