Eastern Europe
ခရိုင်းမီးယားဒေသ Kerch ပေါ်လီနည်းပညာကောလိပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ယူကရိန်းသမ္မတက ရှုတ်ချ

ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)
ခရိုင်းမီးယားဒေသ Kerch ပေါ်လီနည်းပညာကောလိပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ရှုတ်ချအပြစ်တင်ကြောင်း ယူကရိန်းသမ္မတ Petro Poroshenkoက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုမှာ ဝမ်းနည်းကြေကွဲဖွယ်၊ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုဖြစ်ကြောင်း ယူကရိန်းသမ္မတ Petro Poroshenkoက ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားကြောင်းသိရသည်။
ခရိုင်းမီးယားကျွန်းဆွယ် အရှေ့ဘက်စွန်းတွင်ရှိသော Kerch ပေါ်လီနည်းပညာကောလိပ်တွင် အောက်တိုဘာလ ၁၇ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှင့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)