Connect with us

Eastern Europe

ပူတင်နှင့်ထရန့် နိုဝင်ဘာလတွင် ပါရီ၌တွေ့ဆုံမည်ဟု ရုရှားသမ္မတ အကြံပေး Yuri Ushakovက ဆို

ရုရှားသမ္မတ အကြံပေး Yuri Ushakov အား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ၂၄ ရက်(ဆင်ဟွာ)

ရုရှားသမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရန့်တို့သည် နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ အကြံပေး Yuri Ushakov က အောက်တိုဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။

သမ္မတ ပူတင်သည် ရုရှားသို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဂျွန်ဘိုလ်တန် (John Bolton)နှင့် အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နိုဝင်ဘာ လတွင် ပါရီ၌ ကျင်းပမည့် ပထမကမ္ဘာစစ်ပြီးဆုံးသည့် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ့ဆုံရန် အတည်ပြုခဲ့ကြောင်း Rossiya Segodnya ရုရှားသတင်းအေဂျင်စီက Yuri Ushakov၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

လက်ရှိတွင် ရုရှား-အမေရိကန်ဆက်ဆံရေးသည် အခက်အခဲရှိနေသော်လည်း ယခုကဲ့သို့ ဂျွန်ဘိုလ်တန် (John Bolton) လာရောက်ခြင်းမှာ အမေရိကန်အစိုးရအနေဖြင့် ရုရှားနှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်လိုသည်ကို ဖော်ပြကြောင်း ၊ ရုရှားအနေဖြင့်လည်း အလားတူ ဆန္ဒရှိကြောင်း Yuri Ushakovက ဆိုသည်။

ဂျွန်ဘိုလ်တန် (John Bolton)သည် အောက်တိုဘာ ၂၁ ရက်က မော်စကိုမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊ ကာကွယ်ရေးဝန်ကြီး Sergey Shoygu တို့နှင့်တွေ့ဆုံခဲ့ ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ဆီးရီးယားနှင့်အာဖဂန်အရေးကိစ္စ၊ တာလတ်ပစ်နျူကလီးယားလက်နက်များ သဘောတူညီမှု စာချုပ်(INF)၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)