Eastern Europe
မော်စကိုသို့ ဦးတည်ပျံသန်းလာသော ဒရုန်း ၁၄ စင်းထက်မနည်းအား ပစ်ချခဲ့ကြောင်း မြို့တော်ဝန် ပြောကြား
မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ ဦးတည်ပျံသန်းလာသော ဒရုန်း ၁၄ စင်းထက်မနည်းကို ရုရှားလေကြောင်းကာကွယ်ရေးဌာနက မတ် ၁၄ ရက်၌ ပစ်ချခဲ့သည်ဟု မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြောကြားခဲ့ကြောင်း သိရသည်။“အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းတွေက ဒရုန်းအပျက်အစီးတွေ ပြုတ်ကျခဲ့သည့်နေရာမှာ ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပါတယ်” ဟု Sobyanin က Telegram တွင် ပြောကြားခဲ့သည်။
မော်စကိုမြို့ရှိ Vnukovo လေဆိပ်နှင့် Domodedovo လေဆိပ်တို့တွင် ပျံသန်းမှုဘေးကင်းရေးအတွက် လေယာဉ်ဆိုက်ရောက်မှုနှင့် ထွက်ခွာမှုဆိုင်ရာ ယာယီကန့်သတ်ချက်များ ချမှတ်ထားကြောင်း ရုရှားနိုင်ငံ၏ ဖက်ဒရယ်လေကြောင်းသယ်ယူပို့ဆောင်ရေးဌာနက ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်နေ့အတွင်း ပဲ့ထိန်းဝေဟင်ပစ်ဗုံး ၁၀ လုံးနှင့် တောင်ပံအသေတပ်ထားသည့် ဒရုန်း ၂၈၅ စင်းတို့ကို လေကြောင်းကာကွယ်ရေးစနစ်များက ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ မတ် ၁၄ ရက် အစောပိုင်း၌ ထုတ်ပြန်ခဲ့သည်။ရုရှားတပ်ဖွဲ့များကလည်း ယူကရိန်း၏ စစ်ဘက်-စက်မှုလုပ်ငန်းများ၊ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် စစ်ဘက်လေယာဉ်ကွင်းများကို ညတွင်းချင်းပင် ကြီးမားသော တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………..
(English Version)
At least 14 drones heading Moscow downed: mayor
MOSCOW, March 14 (Xinhua) — Russian air defense downed at least 14 drones heading toward Moscow on Saturday, said Moscow Mayor Sergei Sobyanin.
“Emergency services personnel are working at the site where the drone debris fell,” Sobyanin said on Telegram.
Temporary restrictions on aircraft arrivals and departures were imposed for flight safety reasons at Moscow’s Vnukovo Airport and Domodedovo Airport, said Russia’s Federal Air Transport Agency.
Earlier in the day, the Russian Defense Ministry said 10 guided aerial bombs and 285 fixed-wing drones were shot down by air defense systems in the past day.
It added that Russian forces launched a massive overnight strike on enterprises of Ukraine’s military-industrial complex, energy infrastructure facilities and military airfields. ■
English Caption
This photo taken on Aug. 18, 2023 shows a damaged building in Moscow, Russia. (Xinhua/Cao Yang)
