ဘရပ်ဆဲလ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဥရောပကော်မရှင်က ဥရောပသမဂ္ဂသို့ ရုရှားရွှေတင်သွင်းမှုကို တားမြစ်ခြင်း၊ ထိန်းချုပ်ပစ္စည်းနှင့် နည်းပညာများကို ရုရှားစစ်ရေးနှင့် အမျိုးသားကာကွယ်ရေးတွင် အသုံးပြုခြင်းမှ တားဆီးရန် ထိန်းချုပ်မှု နယ်ပယ်တိုးချဲ့ခြင်းစသည့် စီမံချက်များစွာပါဝင်သော ရုရှားအပေါ် ပိတ်ဆို့အရေးယူမည့် အဆိုပြုချက်ကို ဥရောပကောင်စီက ဇူလိုင် ၂၁ ရက်တွင် အတည်ပြုခဲ့သည်။...
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးက ဇူလိုင် ၁၇ ရက်တွင် ရှေ့နေချုပ် နှင့် အမျိုးသားလုံခြုံရေး အကြီးအကဲတို့ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အကြောင်းပြချက်မှာ ၎င်းတို့ဦးဆောင်သည့် အဖွဲ့အစည်းရှိ ဝန်ထမ်းအများအပြားက “ရန်သူနှင့်ချိတ်ဆက်” နေသည့် သံသယရှိခြင်းကြောင့် ဖြစ်သည်။ ယင်းမှာ ရုရှားအထူးစစ်ဆင်ရေး...
ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) လူးဟန့်စ်ဒေသကို “လွတ်မြောက်ရေး” ရရှိပြီးနောက် ရုရှားသမ္မတ ပူတင်ချမှတ်သော တာဝန်များ ဘက်စုံပြီးဆုံးသည်အထိ ရုရှားတပ်များက ယူကရိန်းတွင် အထူးစစ်ဆင်ရေးဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးSergei Shoiguက ဇူလိုင် ၅ ရက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကျင်းပသော အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးကလည်း...
ကိဗ် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့် လုံခြုံရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ပဋိပက္ခများ၏ နောက်ဆုံးရအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
ကိဗ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၄ ရက် ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံး အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပင်မထောက်လှမ်းရေးဦးစီးဌာနက ဇွန် ၂၉ ရက်တွင် တယ်လီဂရမ်ပေါ်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရုရှားအထူးစစ်ဆင်ရေးပြီးဆုံးမည့် ခန့်မှန်းခြေရက်ကို သတ်မှတ်ထားခြင်းမရှိကြောင်း ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် နေတိုးမက်ဒရစ်...
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးတွင် ပါဝင်သည့် ရုရှားတပ်ဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၏ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ရုရှားတပ်များ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့ Slovyanskတွင် စစ်အင်အား...
မော်စကို၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။