Connect with us

Eastern Europe

ရုရှား နိုင်ငံမှ SU – 24 ဗုံးကြဲ လေယာဉ် တစ်စင်း ထပ်မံ ပျက်ကျ

ရုရှား နိုင်ငံ မှ SU – 24 ဗုံးကြဲ လေယာဉ် တစ်စင်း ပျံသန်းနေစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ လေတပ်မှ SU -24 ဗုံးကြဲ လေယာဉ်သည် ဇူလိုင်လ ၆ ရက်နေ့က ရုရှား နိုင်ငံ Khabarovsk နယ်စပ် ဒေသတွင် ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်မှူး နှစ်ဦးလုံး သေဆုံးခဲ့သည်။

ရုရှား ကာကွယ်ရေး လေယာဉ်သည် ပုံမှန် လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း လေဆိပ် အနီးတွင် ပျက်ကျ သွားခဲ့ပြီး မြေပြင်တွင် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ခဲ့သည်။ ကနဦး စစ်ဆေးချက် အရ လေယာဉ် ပျက်ကျ ခဲ့သည်မှာ နည်းစနစ် ချို့ယွင်းမှုကြောင်း ဖြစ်ကြောင်း သိရှိရသည်။

ရုရှား စစ်ဘက်ရေးရာမှ လေယာဉ် ပျက်ကျ ခဲ့သည့် အကြောင်းအရင်းအား မသိရှိ သေးခင် အထိ SU – 24 ဗုံးကြဲ လေယာဉ် ပျံသန်းမှု များအား ရပ်ဆိုင်းထားရန် အမိန့် ထုန်ပြန် ခဲ့သည်။

ယခု လေယာဉ် ပျက်ကျမှုသည် တစ်လ အတွင်း ရုရှား လေတပ်မှ ဖြစ်ပွားခဲ့သည့် ပဉ္စမမြောက် လေကြောင်း ကိစ္စရပ် ဖြစ်သည်။ ဇူလိုင်လ ၃ ရက်နေ့ကလည်း MiG-29 တိုက်လေယာဉ် တစ်စင်းသည် ရုရှား နိုင်ငံ အနောက်တောင်ပိုင်း ဒေသ ရှိ Krasnodar နယ်စပ် ဒေသတွင် ပျက်ကျ ခဲ့ပြီး လေယာဉ်မှူးမှ အသက်ကယ် လေထီးဖြင့် လွတ်မြောက် နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.