Connect with us

Eastern Europe

ရုရှား နိုင်ငံမှ MiG-29 တိုက်လေယာဉ် တစ်စင်း ပျက်ကျ

ရုရှား နိုင်ငံမှ MiG-29 တိုက်လေယာဉ်များ ပျံသန်း နေစဉ် (ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ၏ MiG-29 တိုက်လေယာဉ် တစ်စင်းသည် ဇူလိုင်လ ၃ ရက်နေ့က ရုရှား နိုင်ငံ အနောက်တောင်ပိုင်း ဒေသရှိ Krasnodar နယ်စပ် ဒေသတွင် ပျက်ကျ ခဲ့သည်။ လေယာဉ်မှူးက အော်တို အသက်ကယ် လေထီးဖြင့် လွတ်မြောက် ခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ၏ ပြောကြား ချက်အရ ၎င်းလေယာဉ်သည် ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ပုံမှန် လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ပျက်ကျခဲ့ကြောင်း ၊ လေယာဉ်မှူးမှ အသက်ကယ် လေထီးဖြင့် လွတ်မြောက် နိုင်ခဲ့ပြီး မြေပြင်တွင် အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အသက်အန္တရာယ် မရှိကြောင်းနှင့် ပျက်ကျခဲ့သည် လေယာဉ်တွင် လက်နက်ဗုံးများ တပ်ဆင် ထားချင်း မရှိကြောင်း သိရှိရသည်။

ရုရှား ကာကွယ်ရေး ဌာန၏ ပညာရှင် အဖွဲ့မှ လေယာဉ် ပျက်ကျ ခဲ့သည့်နေရာသို့ သွားရောက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ရုရှား လေတပ်မှ လေယာဉ် ပျက်ကျ ခဲ့ရသည့် အကြောင်းအရင်းအား မသိရှိရသေးခင်အထိ MiG-29 တိုက်လေယာဉ် ပျံသန်းမှုအား ရပ်ဆိုင်ထား ရန်ဆုံးဖြတ် ခဲ့သည်။

ဤပျက်ကျမှုသည် တစ်လတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယ အကြိမ်မြောက် ရုရှား MiG-29 တိုက်လေယာဉ် အမျိုးအစား ပျက်ကျမှု ဖြစ်သည်။ ဇွန်လ အစပိုင်းတွင်လည်း ရုရှား MiG-29 တိုက်လေယာဉ် တစ်စင်းသည် ရုရှား နိုင်ငံ Astrakhan ခရိုင် Ashdod Luke စစ်ရေး လေ့ကျင့် စခန်းတွင် လေ့ကျင့်မှု ပြုလုပ်စဉ် ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်ရှိ လေယာဉ်မှူး နှစ်ဦးသည် အော်တို အသက်ကယ် လေထီးဖြင့် လွတ်မြောက် ခဲ့ရသည်။

အခြား သတင်းတစ်ခု အရ ရုရှား MiG-8 ရဟတ်ယာဉ် တစ်စင်းမှာလည်း ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းတွင် Siberia ဒေရှိ Khanty-Mansi ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မြေပြင်နှင့် အဆက်အသွယ် မရရှိတော့ကြောင်း ၊ လေယာဉ်ပေါ်တွင် လူ ၅ ဦး လိုက်ပါ သွားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.