Europe
ကနေဒါ ဝန်ကြီးချုပ် တရုတ်နိုင်ငံသွားရန်ရှိ

ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) သည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လည်ပတ် ရန်နှင့် ဟန်ကျိုးမြို့တွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက် မည် ဖြစ်ကြောင်း သိရသည်။
ကနေဒါ ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်ဖြင့် သြဂုတ်လ ၃၀ ရက်မှ စက် တင်ဘာလ ၆ ရက်အထိ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ လုခန်က သြဂုတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြား ခဲ့သည်။
ထရူးဒိုးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကနေဒါ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကစ၍ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။ (Xinhua)